ရှေ့သို့
Image

LAFC နှင့် မေဂျာလိဂ်ကို ဖြတ်သန်းရမည့်အပေါ် ချီရယ်လီနီ၏ အမြင် ထုတ်ပြောလာ

11:02 AM, 1 July

ဂျူဗင်တပ်စ်ဂန္တဝင် ကစားသမား ချီရယ်လီနီက လော့စ်အိန်ဂျလိစ်အက်ဖ်စီ(LAFC)နှင့်အတူ အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရွှေ့ရမည့် အခွင့်အလမ်းတစ်ခု ရရှိလာမှုအပေါ် အလွန်အံ့အားသင့်မိခဲ့ကြောင်း ပြောဆိုသည်။ ဂျူဗင်တပ်စ်နှင့်အတူ ဆုဖလား ၁၈ လုံးဆွတ်ခူးခဲ့သော အသက်-၃၇နှစ်အရွယ် ချီရယ်လီနီသည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကုန်တွင် တူရင်မြေမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်၏ ယမန်နှစ်ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်တွင် အသင်းဂန္တဝင် ကစားသမား တစ်ဦးအဖြစ် ချီးမြှောက်ခံခဲ့ရသည်။ 


ချီရယ်လီနီအနေဖြင့် ယခုအချိန်တွင် LAFC ကစားသမားသစ်၊ ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်နှင့်အတူ ကယ်လီဖိုးနီးယားမြေ၌ စိန်ခေါ်မှုသစ်တစ်ခုကို ရင်ဆိုင်ရဖို့ ရှိလာသည်။ “ကျွန်တော် အရိုးသားဆုံးပဲပြောပါရစေ။ ဒီအသင်းမှာလည်း တကယ့်လက်ဖျားခါစရာခံစစ်မှူးတွေရှိတာပဲ၊ ဘာကြောင့် ကျွန်တော့်ကို ခေါ်ယူခဲ့တာလဲ? ဆိုပြီး LAFC ကို မြင်လိုက်ရချိန်မှာ ကျွန်တော်ပြောခဲ့ပါသေးတယ်။ လူတိုင်းကတော့ မာမာဒူ ဖော အကြောင်း ပြောကြပါတယ်"


ဒါပေမယ့် ကျွန်တော်ကတော့ ဂျီးဆပ်စ်မူရယ်လိုတို့၊ အိုင်ဘီဂါတို့ အကြောင်းတွေ ပြောနိုင်ပါသေးတယ်။ သူတို့က ကလပ်ရဲ့နောက်ဆုံးပွဲတွေမှာ တောင်ပံအထိထွက်ပြီး ကစားခဲ့တဲ့သူတွေပါ။ LAFC မှာ တကယ့်ကို အံ့အားသင့်ဖို့ကောင်းတဲ့ ခံစစ်မှူးတွေရှိသလို အံ့အားသင့်စရာကောင်းတဲ့ အသင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် သူတို့ကို ကူညီနိုင်မယ်ဆိုတာ အသေအချာပါပဲ။ကျွန်တော့်အနေနဲ့ ဒီအသင်းကို ကစားပေးရုံသာမက နေ့တိုင်း ဦးဆောင်မှုပေးရင်းနဲ့ပါ ကူညီသွားမှာပါ။


ဒါက ကျွန်တော့်ရဲ့ ကစားပွဲဖြစ်ပြီးတော့ ကျွန်တော် တွေးထားတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့်မှာ အံ့အားသင့်စရာကောင်းတဲ့ အသင်းဖော်တွေရှိလို့ ဒါကပဲ အရေးကြီးဆုံးအရာတစ်ခုပါဟု ဗုဒ္ဓဟူးနေ့၊ မီဒီယာမိတ်ဆက် အခမ်းအနားတွင် အီတလီလက်ရွေးစင် ကစားသမားဟောင်းက ပြောဆိုသည်။ မီဒီယာမိတ်ဆက် အခမ်းအနားတွင် ချီရယ်လီနီက ယခုလို ရိုးရိုးကုပ်ကုပ် ပြောဆိုခဲ့သော်လည်း LAFC ဥက္ကဋ္ဌ သော်ရင်တန်ကမူ ယင်းအနေအထားကို လက်မခံနိုင်ခဲ့ပေ။သော်ရင်တန်က ချီရယ်လီနီက နည်းပြတိုင်းရဲ့အိပ်မက်၊ ကလပ်တိုင်းရဲ့ အိပ်မက် ကစားသမားတစ်ဦးပါ။


ကျွန်တော်တို့ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ သူ့လိုကစားမျိုးကို မတွေ့ဖူးခဲ့ပါဘူးဟု ချီးကျူးပြောဆိုခဲ့သည်။ LAFC သည် ယခုရာသီ မေဂျာလိဂ်(Western Conference) ၁၇ ပွဲကစားပြီးချိန်တွင် အနီးဆုံးပြိုင်ဘက် အော်စတင်ကို ၅ မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေသည်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ဂျီးဆပ် #ချီရယ်လီနီ