ရှေ့သို့
Image

လာမည့်ရက်ပိုင်း အတွင်း အသင်းသို့ လူကာကူ ရောက်ရှိနိုင်ကြောင်း ထုတ်ပြောလိုက်တဲ့ အင်တာစီအီးအို

2:26 PM, 28 June

အင်တာမီလန်စီအီးအို မာရော့တာက လာမည့်ရက်ပိုင်းအတွင်း ကလပ်သို့ တိုက်စစ်မှူးဟောင်း လူကာကူ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယံသားတိုက်စစ်မှူးသည် ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့ကြေးပေါင် ၉၈ သန်းဖြင့် ဆန်စီရိုမှ စတမ်းဖို့ဒ်ဘရစ်ချ်ထွက်ခွာလာခဲ့ပြီးနောက် တူချယ်၏အသင်းတွင် ပုံစံကောင်းရှာဖွေပြသရန် ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးသာ ရရှိခဲ့သည်။ ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း အင်တာမီလန်က လူကာကူအတွက် တစ်ရာသီအငှားပြောင်းရွှေ့ကြေး ပေါင် ၆.၉ သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးခဲ့ပြီးနောက် လူကာကူအတွက် ဆေးစစ်မှုကို ယခုသီတင်းပတ်အတွင်း စတင်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

“ဒီအပြောင်းအရွှေ့အတွက် လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ အသင်းပိုင်ရှင်တွေနဲ့ ဥက္ကဋ္ဌတို့အပေါ် ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ ဒီအပြောင်းအရွှေ့က ပြီးခါနီးနေပြီလို့ ကျွန်တော်ထင်ပါတယ်။ နာရီပိုင်းအလို ဆိုတာမျိုးမဟုတ်ပေမယ့် ရက်ပိုင်းလောက်ပါပဲ။ ကျွန်တော်တို့ ဒါကိုတရားဝင်ကြေညာတာမျိုးတော့ မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့အသင်းမှာရှိခဲ့စဉ်က အရမ်းကောင်းခဲ့တဲ့ ကစားသမားတစ်ဦး ပြန်လာနိုင်ခြင်းဖြစ်လို့ ဒီအပေါ်မှာ ကျွန်တော်တို့ အရမ်းပျော်ရွှင်ရပါတယ်”ဟု မာရော့တာက ဆိုသည်။

ပြီးခဲ့သည့်နှစ် ချဲလ်ဆီး၏ စံချိန်တင်အပြောင်းအရွှေ့ဖြင့် လူကာကူကို ခေါ်ယူခဲ့သော်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးကစားသမားသစ်ခေါ်ယူမှုများအနက် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

လူကာကူသည် ယမန်နှစ်၊ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၅ ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ကွင်းပြင်ပအငြင်းပွားဖွယ် အပြုအမူများနှင့် ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရသည်။

#အင်တာမီလန် #အပြောင်းအရွှေ့ #လူကာကူ #မာရော့တာ