ရှေ့သို့
Image

ဒီဂျောင်က ဘာစီလိုနာမှာပဲ ဆက်ကစားချင်တာပါလို့ ပြောလာတဲ့ ရော်နယ်ကိုးမန်း

1:18 PM, 28 June

ဘာစီလိုနာ နည်းပြဟောင်း ရော်နယ်ကိုးမန်းကတော့ ကမ္ဘာ့ဖလားမပြီးမချင်း ဘောလုံးနည်းပြလောကကို ပြန်လာဦးမှာ မဟုတ်ပါဘူး။ နှစ်ကုန်ပိုင်းကျမှသာ နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားရဲ့ နေရာကို ပြန်လည်အစားဝင်ဖို့ ရှိနေပါတယ်။

ကိုးမန်းကို မကြာသေးမီက Vaques Sagrades ရဲ့ တီဗွီပရိုဂရမ်မှာ မြင်တွေ့ခဲ့ရပါတယ်။ နည်းပြကိုးမန်းဟာ ဖရန်ကီဒီဂျောင်က နယ်သာလန်လက်ရွေးစင် အသင်းအတွက်လည်း အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် ဘာစီလိုနာမှာပဲ ဆက်နေစေချင်ပြီး ဒီနွေရာသီမှာ ကွင်းလယ်ကစားသမားရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကိုလည်း စိတ်ဝင်စားလျက်ရှိပါတယ်။ လက်ရှိအခြေအနေတွေအရတော့ ဘာစီလိုနာက ဒီဂျောင်ကိုရောင်းချလိုပြီး ယူနိုက်တက်ကလည်း ခေါ်ယူချင်နေပါတယ်။ သတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ်နေပြီး ဒီဂျောင်က အိုးလ်ထရက်ဖို့ဒ်ကိုရောက်ဖို့ အနီးစပ်ဆုံးအခြေအနေကိုလည်း ရောက်ရှိလို့နေပါပြီ။

ဒီဂျောင်ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ မေးမြန်းရာမှာတော့ ကိုးမန်းက “ကျွန်တော်သိထားတာကတော့ ဖရန်ကီ ဘာကာမှာပဲ ဆက်နေချင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပြောပြခဲ့တာပါ။ ဒါပေမယ့် ဘာကာကသူ့ကို လိုချင်ရဲ့ ရောင်းချင်နေတာတော့ မသိဘူး။ သူတို့ပိုက်ဆံတော့ အရမ်းလိုနေကြတယ်။ ဘာပဲပြောပြော သူကရောင်းမယ်ဆိုရင် ပိုက်ဆံအများကြီး ရနိုင်တဲ့ ကစားသမားမျိုးပဲလေ”လို့ ပြောခဲ့ပါတယ်။

သေချာတာတစ်ခုကတော့ ဒီဂျောင်သာအိုးလ်ထရက်ဖို့ဒ်ကို မပြောင်းချင်ဘူးဆိုရင် ယူနိုက်တက်ဟာ တစ်လလုံးနီးပါး ဒီလောက်ထိ ကြိုးစားပြီးခေါ်ယူနေမှာ မဟုတ်ပါဘူး။ အဲရစ်တန်ဟတ်လို ရင်းနှီးပြီးသား နည်းပြတစ်ယောက်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေတဲ့အတွက် ဒီဂျောင်အတွက်က နှစ်ဖက်စလုံးအဆင်ပြေတဲ့ အနေအထားဖြစ်ပါတယ်။

ဒါပေမယ့် ဒီဂျောင်က ဘာကာနဲ့စာချုပ် ရှိနေသေးတဲ့အတွက်တော့ အသင်းပေါ် လေးစားမှုပြသတဲ့အနေနဲ့ သူ့ဘက်ကစပြီး ထွက်ခွာခွင့်တောင်းဆိုတာမျိုး လုပ်မှာမဟုတ်ပါဘူး။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင် #ရော်နယ်ကိုးမန်း