ရှေ့သို့
Image

ဘာစီလိုနာသို့ မပြောင်းခင် ချဲလ်ဆီး ပရိသတ်တွေကို ဝမ်းနည်းဖွယ်နှုတ်ဆက်ခဲ့တဲ့ ခရစ္စတီယန်ဆန်

11:20 AM, 28 June

ချဲလ်ဆီး ကစားသမားဘဝ နောက်ဆုံးအချိန်မှာ စိတ်ထဲတွင် ခံစားရခက်နေပြီး ကလပ်က သူ့အတွက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲဆိုတာကို လူတချို့ကသာ သိပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ခရစ္စတီယန်ဆန်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန် စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာကာ ဘာစီလိုနာသို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ပြောင်းမှာဖြစ်ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွေ့သွားတဲ့ ရူဒီဂါနှင့်အတူ ထွက်ခွာတာဖြစ်ပြီး တူချယ်ကတော့ အသင်းရဲ့နောက်တန်းက ပြန်လည်တည်ဆောက်ရတော့မှာဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံသားဟာ ၂၀၁၂ခုနှစ်တွင် ချဲလ်ဆီး အကယ်ဒမီသို့ ရောက်ရှိခဲ့ပြီးနောက် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ကာ အခုတော့ အသင်းကနေ ထွက်ခွာပြီဖြစ်ပါတယ်။

မိုချန်ဂါလာဘတ်မှာ ၂ ရာသီကြာ အငှားကစားခဲ့ပြီးနောက် ခရစ္စတီယန်ဆန်ဟာ ချဲလ်ဆီးသို့ ပြန်ာခဲ့ပြီး ၂၀၁၇-၁၈ ရာသီတွင် ချဲလ်ဆီးမှာ ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းမှာရှိခဲ့တဲ့အချိန်တွင်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိခဲ့ပါတယ်။ သူထွက်ခွာတာကြောင့် ချဲလ်ဆီးက မပျော်မရွင်ဖြစ်နေတာဖြစ်ပြီး ပြန်လည်သဘောတူညီမှုရရှိပြီး အသင်းမှာဆက်နေဖို့ ယုံကြည်နေတုန်းဖြစ်ပါတယ်။

"အသက် ၁၆ နှစ်အရွယ်မှာ ဒိန်းမတ်ကနေ ထွက်ခွာခဲ့တုန်းက ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရတာပါ။ ကျွန်တော် ကလပ်တော်တော်များများနှင့်တွေ့ဆုံခဲ့ပြီး ကျွန်တော့်အတွက် ရွေးချယ်မှုတစ်ခုပဲရှိခဲ့ကာ အဲ့ဒါကတော့ ချဲလ်ဆီးပဲဖြစ်ပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်ကတည်းက ကျွန်တော့်ရဲ့အိမ်လိုခံစားမှုမျိုးရရှိအောင် ချဲလ်ဆီးက လုပ်ပေးခဲ့ပြီး မိသားစုသဖွယ်ဆက်ဆံခဲ့တဲ့ ဖရေဆာနှင့် ဘတ်တို့ကို အရမ်းကျေးဇူးတင်မိပါတယ်" "ကျွန်တော်ဟာ ချဲလ်ဆီးနှင့်အတူ လူငယ်အက်ဖ်အေဖလား၊ လူငယ်ယူအီးအက်ဖ်အေဖလားတို့ကို ရရှိခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့ အသင်းဖော်တွေရှိရတဲ့အတွက်ကြောင့် ကျွန်တော်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်"

"ကွန်တီ၊ မော်ရင်ဟို၊ အခုတော့ တူချယ်အပါအဝင် အရမ်းကောင်းတဲ့နည်းပြတွေရဲ့လက်အောက်မှာ ကစားခွင့်ရရှိခဲ့တာက တော်တော်လေးကို ကံကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဂုဏ်အယူရဆုံးဖြစ်ပြီး ပေါ်တိုမှာ ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်" "ကျွန်တော်ချဲလ်ဆီးရောက်တော့ အသက်ငယ်ရွယ်သေးတာဖြစ်ပြီး ကစားသမားဘဝအစမှာ မျှော်လင့်ချက်တွေ၊ ကြောက်ရွံ့မှုတွေရှိနေခဲ့တာပါ၊ ကျွန်တော့်ရဲ့အိပ်မက်တွေအမှန်ဖြစ်လာအောင်ကူညီပေးခဲ့တဲ့ ကလပ်ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်" လို့ ခရစ္စတီယန်ဆန်က ပြောပါတယ်။

ချဲလ်ဆီးမှာ ရှိခဲ့တဲ့အချိန်မှာ ခံစစ်မှုးဟာ လီဗာပူးအား ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အပါအဝင် ပွဲစဉ်အချို့မှာ နည်းပြ တူချယ်ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၆နှစ်အရွယ် ကစားသမားနှင့် ၅ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက်သူ့ရဲ့ခြေစွမ်းတွေက ဆိုးရွားခဲ့တာကြေင့် ချဲလ်ဆီးက စိတ်ပျက်သွားခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

"ဒီကလပ်မှာ အံ့ဩဖွယ် ၁၀နှစ်ကစားခဲ့ပြီးနောက် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အသစ်စတင်ဖို့ သင့်လျော်တဲ့အချိန်ကျရောက်လာပြီလို့ထင်မိပါတယ်။ ဒီလိုပရိသတ်တွေနဲ့ ဒီလိုအသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ရတာက ကျွန်တော့်အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး" "ကလပ်နှင့်ပရိသတ်တွေက ကျွန်တော့်အတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိသလဲဆိုတာကို တချို့သောသူတွေမသိကြပါဘူး။ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေနဲ့ ဒီမှာရှိတဲ့သူတွေအားလုံးကို လွမ်းနေမှာပါ။ အနာဂတ်မှာ ကလပ်နှင့်ပရိသတ်တွေ အတွက် အကောင်းဆုံးဖြစ်ဖို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးပါတယ်" လို့ ကစားသမားက ပြောပါတယ်။

#ဘာစီလိုနာ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ခရစ္စတီယန်ဆန်