ရှေ့သို့
Image

ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လွဲချော်ခဲ့တဲ့ ကစားသမားတစ်ဦးအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဖာဂူဆန်

3:55 PM, 27 June

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်အောက်မှာ ဂန္ထဝင်ကစားသမား တော်တော်များများ ကစားခဲ့ကြပေမယ့် ကစားသမားတစ်ဦးကိုတော့ မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အဆိုပါကစားသမားက အေစီမီလန်စတားဟောင်း မာလ်ဒီနီဖြစ်ပါတယ်။ အသက် ၇၈ နှစ်အရွယ် စကော့တလန်သားက သူဟာ အေစီမီလန်နောက်ခံလူဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။ဒါပေမယ့် ဖာဂူဆန်က အပြောင်းအရွှေ့အတွက် မာလ်ဒီနီရဲ့ဖခင်ဖြစ်သူနဲ့တစ်ဦးချင်း စကားပြောခဲ့ရာမှာ အဆင်မပြေခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မာလ်ဒီနီကိုခေါ်ယူဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်သူ့အဖေနဲ့တွေ့ချိန်မှာ သူက တကယ့်ကိုရှိန်လောက်တဲ့သူဖြစ်နေပြီး ကျွန်တော်ခေါင်းတောင် တဆက်ဆက်တုန်နေခဲ့ပါတယ်။ အဲ့နောက် သူက ကျွန်တော့်အဘိုးက မီလန်သား ၊ ကျွန်တော့်အဖေကလည်း မီလန်သား ၊ ဒါကြောင့် ကျွန်တော်လည်း မီလန်သားဖြစ်ပြီး ကျွန်တော့်သားတွေလည်း မီလန်သားပါပဲ။ မေ့လိုက်ပါတော့”လို့ ပြောကြားခဲ့ကြောင်း ဖာဂူဆန်က ပြန်ပြောပြခဲ့ပါတယ်။

မာလ်ဒီနီဟာ အေစီမီလန်အတွက် ၁၉၈၅ ကနေ ၂၀၀၉ အထိ ကစားခဲ့ကာာ ပွဲပေါင်း ၆၄၇ ပွဲပါဝင်ကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၅၄ နှစ်သားဟာ လက်ရှိမှာအားကစားပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဒါရိုက်တာအဖြစ် အသင်းမှာ လုပ်ဆောင်နေပြီး အသင်းနဲ့အတူ စီးရီးအေဖလား ၇ ကြိမ် ၊ ကိုပါအီတာလီယာ ၁ ကြိမ် ၊ စူပါကိုပါအီတာလီယာ ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၅ ကြိမ် နဲ့ စူပါဖလား ၅ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ဟာကတော့ အသင်းနောက်တန်းမှာ ဗီဒစ် နဲ့ ဖာဒီနန်တို့ကို အားထားခဲ့ရပေမယ့် မာလ်ဒီနီကိုလည်း လူစာရင်းမှာ ထည့်သွင်းလိုခဲ့တာဖြစ်ပါတယ်။

“မာလ်ဒီနီက တကယ်ကောင်းတဲ့ခံစစ်မှူးတစ်ဦးပါ။ တကယ့်ထိပ်တန်းနောက်ခံလူတစ်ဦးပါ။ ရုပ်ပိုင်းကော စိတ်ပိုင်းပါ တကယ်ကောင်းသလို အရာအားလုံးသူ့မှာရှိပါတယ်။ သူနဲ့အတူတွဲကစားခဲ့ရတာက ကျွန်တော် အရမ်းသဘောကျပါတယ်”လို့ ပီယာလိုက ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ဂျရတ် ၊ ရော်နယ်ဒင်ဟို နဲ့ မိုဗစ်တို့ကလည်း မာလ်ဒီနီကို ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အေစီမီလန် #ဖာဂူဆန်