ရှေ့သို့
Image

ပွဲစဉ်ဇယားပြည့်ကျပ်မှုနဲ့ ပတ်သက်ပြီး ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ရဲ့ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ဆီဖာရင်

3:20 PM, 27 June

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က ပွဲစဉ်ဇယားပြည့်ကျပ်မှုနဲ့ပတ်သက်ပြီး ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်ဇယားပြည့်ကျပ်မှုကို ဝေဖန်ခဲ့ကြတာဖြစ်ပြီး အကောင်းဆုံး အဖြေတစ်ခုရှာဖို့ တိုက်တွန်းခဲ့ကြပါတယ်။

“ပြဿနာက ပွဲစဉ်ဇယားဖြစ်နေပါတယ်။ ပြက္ခဒိန်က တစ်နှစ်တာမှာ ၃၆၅ ရက်ရှိနေပေမယ့် နိုင်ငံအသင်းအတွက်ကော ၊ ကြီးမားတဲ့ပြိုင်ပွဲအတွက် ပွဲတွေအများကြီးကော ကစားနေရပါတယ်။ ကစားသမားတွေက နွေရာသီမှာ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်ပဲနားနေရပါတယ်။ အခုလည်း ထပ်ပြီး ဖြစ်လာပြန်ပါပြီ။ တကယ့်ကို များလွန်းပါတယ်။ တစ်ခုခုတော့ အားလုံးတိုင်ပင်ပြီး အဖြေရှာဖို့ လိုအပ်နေပါပြီ။ စီးပွားရေးက ကောင်းကျိုးထက်ကို ပိုအရေးကြီးနေပါပြီ”လို့ နည်းပြ ၂ ဦးက ပြောကြားခဲ့ပါတယ်။

ဆီဖာရင်ကတော့ ဘောလုံးပြက္ခဒိန်ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ကလပ်အသင်းတွေအနေနဲ့ ပွဲအပိုကစားတာကနေ ငွေပိုရနိုင်တယ်လို့ ထောက်ပြခဲ့ကာ အဲ့တာက ယူအီးအက်အေ နဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်ကြောင့်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဖီဖာ နဲ့ ယူအီးအက်ဖ်အေကို အမြဲတမ်းတိုက်ခိုက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ရိုးရှင်းပါတယ်။ နည်းနည်းကစားရင် ဝင်ငွေနည်းနည်းပဲရပါမယ်။ လူတိုင်းက ပွဲများများကစားချင်ကြပါတယ်။ ကလပ်အသင်းတွေကလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၁၀ ပွဲလောက်ကစားချင်နေကြပါတယ်။ သူတို့မှာ ၈ ပွဲရှိပါတယ်။ အဲ့တာက မှန်ကန်တဲ့နံပတ်တစ်ခုပါ။ ပြည်တွင်းလိဂ်မှာက အသင်း ၁၈ သင်းလောက်ရှိပါတယ်။ သူတို့အနေနဲ့ ပြည်တွင်းဖလားတွေများနေတာကို နားလည်သင့်ပါတယ်”လို့ ဆီဖာရင်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ဂွါဒီယိုလာ #ကလော့ပ် #ယူအီးအက်ဖ်အေ #ဆီဖာရင်