ရှေ့သို့
Image

ဒီလစ်ချ်အတွက် ချဲလ်ဆီးရဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်ပယ်ချ

3:16 PM, 27 June

ဂျူဗင်တပ်စ်အသင်းဟာ ခံစစ်မှူး ဒီလစ်ချ်အတွက် ချဲလ်ဆီးရဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ နည်းပြ တူချယ်ဟာ ယခုနှစ်နွေရာသီမှာ ငွေသုံးကြမ်းခွင့်ရရှိမှာဖြစ်ပြီး ခံစစ်မှူးသစ်ခေါ်ယူရေးက ဂျာမန်သားအတွက် အဓိကပစ်မှတ် ဖြစ်ပါတယ်။ ဒီလစ်ချ်ဟာ ချဲလ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်ပေမဲ့ စာချုပ်ဖျက်သိမ်းကြေးပေးဖို့တော့ တွန့်ဆုတ်နေခဲ့ပါတယ်။


ချဲလ်ဆီးကတော့ ဒီလစ်ချ်အတွက် ဝါနာ ဒါမှမဟုတ် ပူလီဆစ်အပါအဝင် ကစားသမားအလိုက်ပေးကမ်းလှမ်မးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီမီဒီယာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်အပေါ် ဂျူဗင်တပ်စ်က ပယ်ချလိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမားတွေ ခေါ်ယူဖို့ကြိုးစားနေတာကို သိရှိထားတာကြောင့် ယခုလို ကမ်းလှမ်းမှု ပြုလုပ်လိုက်တာဖြစ်တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။


ဒါပေမဲ့ ဂျူဗီနည်းပြ အယ်လီဂရီဟာ ကြံ့ခိုင်မှုအားကောင်းမွန်တဲ့ နံပါတ်၉ ကစားသမားကို လိုချင်တာကြောင့် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဝါနာနဲ့ အဆိုပါအချက်က ကိုက်ညီခြင်း မရှိခဲ့ပါဘူး။ အလားတူ ဂျူဗင်တပ်စ်က ပူလီဆစ်အစား ဒီမာရီယာကိုသာ အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ နယ်သာလန်သားကို ခေါ်ယူမယ်ဆိုရင်တော့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုရဖွယ် ရှိနေပါတယ်။


ဂျူဗင်တပ်စ်က သတ်မှတ်ထားတဲ့ဈေးကတော့ ယူရိုသန်း၁၀ဝဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့ကြေးကတော့ ၂၀၁၇ခုနှစ်က လီဗာပူးအသင်း ဗန်ဒိုက်ကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် သာလွန်သွားမှာ ဖြစ်ပါတယ်။ ဒီလစ်ချ်က ပရီးမီးယားလိဂ်ကို လာကစားချင်ပေမဲ့ ချဲလ်ဆီးက သတ်မှတ်ထားတဲ့ဈေးထက် လျော့ပေးနိုင်ဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #တူချယ် #အယ်လီဂရီ #ဒီလစ်ချ်