ရှေ့သို့
Image

ရာသီသစ်အတွက် မြင်ခင်းတိုင်းတာမှုနဲ့ အစားအသောက်တွေကို ပြင်ဆင်ဖို့ တန်ဟက် ညွှန်ကြား

3:12 PM, 27 June

ယူနိုက်တက်နည်းပြသစ် တန်ဟက်ဟာ ရာသီသစ်မတိုင်ခင် အသင်းရဲ့ရာသီကြိုခြေစမ်းပွဲမစခင်မှာပဲ လေ့ကျင့်ရေးကွင်းဝန်ထမ်းတွေကို ညွှန်ကြားချက်တွေ ပေးအပ်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားတွေဟာ ရာသီအပြီးမှာ သူတို့ကိုယ်သူတို့ ပြင်ဆင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ နည်းပြ တန်ဟက်နဲ့ သူ့အဖွဲ့ဝင်တွေရဲ့ အရသာကို မြည်းစမ်းရတော့မှာဖြစ်ပါတယ်။

မယ်ရာသတင်းဌာနရဲ့အဆိုအရ တန်ဟက်ဟာ အသင်းရဲ့မြက်ခင်းပြင်ကို ပြင်ဆင်ဖို့ ညွှန်ကြားခဲ့ပြီး ၁၅ မီလီမီတာလောက်ထားရှိဖို့ အဲ့တာက သူ့ရဲ့ passing style အတွက်အဆင်ပြေနိုင်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားဟာ လေ့ကျင့်ခန်းပထမ ၂ ရက်မှာ အသင်းကစားသမားအားလုံးရဲ့ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်မှာဖြစ်ပြီး လိုအပ်ရင် ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်စေမှာဖြစ်ပါတယ်။

တန်ဟက်ဟာ ဆာအဲလက်စ်ဖာဂူဆန် အောင်မြင်ခဲ့တဲ့ လမ်းကြောင်းကို လိုက်မီနိုင်ဖို့ မျှော်လင့်နေပြီး အဆိုပါနည်းလမ်းတွေကို အသုံးချဖို့ ပြင်ဆင်နေပါတယ်။ အေဂျက်နည်းပြဟောင်းက လေ့ကျင့်ခန်းအပြီးမှာ ကစားသမားတွေအနေနဲ့ အတူတကွအစာစားရမှာဖြစ်ပြီး လူမှုဆက်ဆံရေးအဆင်ပြေအောာင်လည်း လုပ်ဆောင်ဖို့ မှာကြားထားတာဖြစ်ပါတယ်။

ဖာဂူဆန်အနားယူနောက်ပိုင်း ကစားသမားတွေဟာ အတူတကွစားသောက်တာတွေနည်းပါးလာခဲ့ပြီး စားသောက်ဆိုင်တွေမှာ စားသောက်လေ့ရှိကြပါတယ်။ အခုတော့ တန်ဟက်က အဆိုပါအလေ့အထကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး စားသောက်ခန်းထဲမှာ အတူတကွစားဖို့ မှာကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် သြစတြေးလျကို သွားရောက်ကစားရမှာဖြစ်ပြီး ဘန်ကောက်မှာတော့ လီဗာပူးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အဲ့နောက် သြစတြေးလျမှာ ခရစ္စတယ်ပဲလေ့စ် ၊ ဗီလာတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အခုနွေရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို အေဂျက်တောင်ပံကစားသမား အန်တိုနီနဲ့ ဒိန်းမတ်စတား အဲရစ်ဆင်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက်ချ်