ရှေ့သို့
Image

မန်စီးတီး အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးတော့မယ် မာရက်ဇ်

10:29 AM, 27 June

ရီးယက် မာရက်ဇ်ဟာ သူ့ရဲ့ ကစားသမားဘဝကို မန်စီးတီးမှာပဲ ဆက်ကစားဖို့ရွေးချယ်ထားပြီး အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုဖို့ အသင့်ဖြစ်နေပါတယ်။ မာရက်စ်ဟာ လက်ရှိမှာ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၁၆၀၀၀၀ ရရှိနေပါတယ်။

ဒါပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်ကို အစီအစဉ်ရှိနေပြီး ရှေ့လထဲမှာ ဆေးနွေးညှိနှိုင်းဖို့ ရှိနေပါတယ်။ အသက် ၃၁ နှစ်အရွယ် မာရက်ဇ်ဟာ သူ့ရဲ့ ကျန်တဲ့ ကစားသမားဘဝကို မန်စီးတီးအသင်းမှာပဲ ကုန်ဆုံးလိုနေတဲ့ပုံရှိနေပါတယ်။

အယ်လ်ဂျီးရီးယားသားဟာ မန်ချက်စတာမှာ ချစ်သူ တေလာဝက်ဒ် နဲ့ အတူတူ နေထိုင်ရတာ အသားကျနေပြီး ဒီနှစ်ထဲမှာပဲ သူတို့ရဲ့ ပထမ ကလေး မွေးဖွားဖို့ ရှိနေပါတယ်။ မာရက်စ်ရဲ့ ချစ်သူ တေလာကတော့ တိုက်စစ်ကစားသမားဟောင်း အက်ရှလေရဲ့ သမီးပဲ ဖြစ်ပါတယ်။

မန်စီးတီးကစားသမားဖြစ်တဲ့ ဂျေးဆပ်က အာဆင်နယ်အသင်းကို ပြောင်းရွေ့ဖို့ သဘောတူညီမှုရရှိသွားပြီး ၊ ရာဟင်စတာလင်က ချဲလ်ဆီးအသင်းနဲ့ သတင်းတွေထွက်ပေါ်နေကာ အသင်းမှာ အနာဂတ်မသေချာတာကြောင့် မာရက်ဇ်က သူ့အတွက် အခွင့်အရေးကောင်းတစ်ရပ်လို ဖြစ်နေတာပါ။ သို့သော်သူဟာအသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်နဲ့ အကယ်၍ ထပ်တိုးလိုပါက တစ်နှစ်တိုးနိုင်တဲ့ သဘောတူညီမှုကို ရွေးချယ်ထားပါတယ်။

မန်စီးတီးအသင်းဘက်ကလည်း ကစားသမားကို အလွတ်ထွက်ခွာခွင့်နဲ့ အဆုံးရှုံးမခံနိုင်သလို ကစားသမားနဲ့ စာချုပ်သက်တမ်းတိုးဖို့ အချက်တွေကလည်း ဘာမှ အခက်အခဲ ရှိမနေပါဘူး။ မာရက်ဇ်ဟာ ၂၀၁၈ ခုနှစ်မှာ မန်စီးတီး အသင်းကို လက်စတာအသင်းကနေ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးအသင်းမှာ ၁၈၉ ပွဲ ကစားကာ ၆၃ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။

ထို့အပြင်မာရက်ဇ်ဟာ ဆုဖလား ၃ လုံးအပါအဝင် အောင်မြင်မှုများစွာကို အသင်းနဲ့ ရယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ ဂျေးဆပ်နဲ့ စတာလင်အတွက် အာလင်ဟာလန်းနဲ့ ဂျူလီယန်အယ်ဗာရက်တို့ကို ခေါ်ယူဖြည့်တင်းထားပြီး ဖြစ်ပါတယ်။ လိဒ်ကွင်းလယ်ကစားသမား ကီဗင်ဖီးလစ်ကိုလဲ ဖာနန်ဒင်ဟို နေရာမှာ ဖြည့်တင်းနိုင်ဖို့ ခေါ်ယူနေရာမှာ အသင်းကိုရောက်ရှိလုနီးပြီ ဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာဟာ ဘရိုက်တန်အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကိုလဲ ခေါ်ယူချင်နေပါတယ်။

#မန်စီးတီး #မာရက်ဇ်