လိဒ်စတား ရာဖင်ဟာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အဆင်ပြေနေတဲ့ အာဆင်နယ်
8:15 AM, 26 June
အာဆင်နယ်အသင်းဟာ မန်စီးတီးကနေ ဂါဘရီရယ်ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိဒ်တောင်ပံကစားသမား ရာဖင်ဟာကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဘရာဇီးလ်သား ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ကာ အကုန်လုံးအဆင်ပြေခဲ့ပြီဖြစ်ကာ ပုဂ္ဂိုလ်ရေး နဲ့ ဆေးစစ်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။
အာတီတာက ဂျီးဆပ်စ်ကို မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ် နဲ့ ချဲလ်ဆီးတို့ကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ကာ အခုရာဖင်ဟာကို ထပ်မံကြိုးပမ်းလာပါတယ်။
အသက် ၂၅ နှစ်သားဟာ လိဒ်နဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေတာဖြစ်ကာ စာချုပ်သစ်ထပ်မချုပ်တော့ဘူးလို့ တာဝန်ရှိသူတွေကို ပြောကြားထားတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ လိဒ်စတားကို ပထမဆုံးအကြိမ်ကမ်းလှမ်းထားပြီးဖြစ်ပေမယ့် ပယ်ချခံထားရကာ အခုဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဝက်စ်ဟမ်းက ဇန်နဝါရီတုန်းက ဘရာဇီးလ်စတားကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပါတယ်။
ဘာစီလိုနာဟာ ဒေကိုအကူအညီနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ဘဏ္ဍာရေးမတတ်နိုင်တဲ့အနေအထားမှာ ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။
အာတီတာကိုတော့ အာဆင်နယ်ဘုတ်အဖွဲ့က ထောက်ခံချက်ပေးထားပြီး ပေါ်တိုစတား ဗီအဲရာ နဲ့ နယူးအင်္ဂလန်ဂိုးသမား တာနာတို့ကို ခေါ်ယူထားခဲ့ပါတယ်။
ဒါ့ပြင် ဆော်ပိုလိုစတား မာကွင်ဟို့စ်ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ကာ လာမယ့်ရာသီသစ်အတွက် သေချာလေးပြင်ဆင်နေတာဖြစ်ပါတယ်။
ကွန်တီရဲ့တော့တင်ဟမ်ကတော့ ဘစ်ဆူးမား ၊ ပါရီဆစ် နဲ့ ဖော်စတာတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
#အာဆင်နယ် #လိဒ်စ်ယူနိုက်တက် #ရာဖင်ဟာ