ရှေ့သို့
Image

ဒီလစ်ဂျ်ကိုခေါ်ယူဖို့ ငွေသားအပြင် ဝါနာကိုပါအလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

8:13 AM, 26 June

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဂျ်ကို ခေါ်ယူဖို့အတွက် တီမိုဝါနာကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တူချယ်ဟာ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်လိုနေပြီး ဂျူဗင်တပ်စ်နဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

အီတလီသတင်းထောက် ဒီမာဇီယိုကတော့ ချဲလ်ဆီးဟာ အသက် ၂၂ နှစ်သားကို ပေါင် ၃၈ သန်း + ဝါနာကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဘက်ကတော့ သူတို့နောက်ခံလူအတွက် စာချုပ်ဖျက်သိမ်းကြေးပေါင် ၁၀၃ သန်းကို အလိုရှိနေပါတယ်။ 

နယ်သာလန်သားက ချဲလ်ဆီးကိုပြောင်းရွှေ့ချင်နေပေမယ့် ချလ်ဆီးအနေနဲ့ တန်ကြေးကို လျော့ချဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်က ဝါနာကို စိတ်ဝင်စားနေပေမယ့် တစ်ပတ်လုပ်ခပေါင် ၂ သိန်း ၇ သောင်းက အတားအဆီးတစ်ခုဖြစ်နေပါတယ်။

ဝါနာာဟာ ၂၀၂၀ ဇွန်လ တုန်းက ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ၂ ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ရုန်းကန်နေရပါတယ်။

ပြီးခဲ့တဲ့ရာသီက အသက် ၂၆ နှစ်သားတစ်ယောက် ၁၅ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သလို ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ အခုအပြောင်းအရွှေ့မှာ ရူူဒီဂါ နဲ့ ခရစ္စတီယန်ဆန်တို့ ထွက်ခွာသွားတဲ့အနေအထားမှာ နောက်တန်းအင်အားကို ဖြည့်တင်းလိုနေပါတယ်။

ဆီဗီလာစတား ကွန်ဒီ နဲ့ အခြားနောက်ခံလူတွေကိုလည်း ခေါ်ယူဖို့အတွက် ချဲလ်ဆီးက ချိတ်ဆက်နေပါတယ်။ ဒီလစ်ဂျ်ဟာ အေဂျက်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ၂၀၁၉ တုန်းက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုနွေရာသီမှာ ဥရောပအသင်းကြီးတော်တော်များများကလည်း ဒီလစ်ဂျ်ကို စိတ်ဝင်စားနေကြပါတယ်။ နယ်သာလန်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် စာချုပ်ဖျက်သိမ်းကြေးပေါင် ၁၀၃ သန်းမပေးချင်ဖြစ်နေပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ  ဒီလစ်ဂျ် နဲ့ သူ့အေးဂျင့်ဟာ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၈ သန်းထည့်သွင်းခဲ့တာကို မပျော်မရွှင်ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလစ်ဂျ်ကတော့ တန်ကြေးမြင့်တက်နေပေမယ့် ပေါင် ၆၈ သန်းလောက်နဲ့ အသင်းပြောင်းခွင့်ရဖို့ မျှော်လင့်နေသလို လုပ်ခလစာကတော့ အသင်းမှာ တစ်နှစ်လုပ်ပေါင် ၇ သန်း ကနေ ဘောနပ်စ်အပါ ၁၀ သန်းရရှိနေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂျူဗင်တပ်စ် #ဝါနာ #ဒီလစ်ချ်