ရှေ့သို့
Image

ဘေးလ်ဟာ အာဆင်နယ်မှာဆို ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဂျက်ဝီရှိုင်းယား

12:59 PM, 25 June

ဂျက်ဝီရှိုင်းယားဟာ အာဆင်နယ် အသင်းမှာဆိုရင် ဘေးလ်ဟာ ကစားခွင့်ကောင်းစွာရရှိမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ၃၂ နှစ်အရွယ် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းသစ်ကို ရှာဖွေနေကာ ကာဒစါအသင်းကို ပြောင်းရွေ့ဖို့ နီးစပ်နေပါတယ်။

ဘေးလ်ဟာ တော့တင်ဟမ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်ခဲ့လို့ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွေ့ကြေး ပေါင် ၈၅.၃ သန်းနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။ သို့သော် ဂျက်ကတော့ ဘေးလ်ရဲ့ အကောင်းဆုံးနေ့ရက်တွေဟာ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး အာတီတာရဲ့ အာဆင်နယ်အသင်းမှာ ကစားခွင့်ရမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

Talksport မှာဂျက်ကို အကယ်၍ ဘေးလ်ဟာ အာဆင်နယ်ကို ရောက်လာမလားဆိုတဲ့ မေးခွန်းကို
"မဖြစ်နိုင်ပါဘူး။ ကျွန်တော်ဘေးလ်ကစားတဲ့နေရာကို အာဆင်နယ်မှာကြည့်တော့ အာဆင်နယ်ရဲ့ လူငယ်လဲဖြစ် အသင်းရဲ့ အကောင်းဆုံးကစားသမားလေးတွေက ကစားနေပါတယ်။ ဒါကြောင့် သူဟာ ကစားခွင့်ရမှာမဟုတ်ပါဘူး။ အကယ်၍ သူကစားခွင့်ရခဲ့လျှင်လဲ ထိုကစားသမားလေးတွေရဲ့ နောက်မှ ကစားခွင့် ရပါလိမ့်မယ်"ဝီရှိုင်းယားကဆိုပါတယ်။

ဘေးလ်ကို ကာဒစ်အသင်းပြောင်းဖို့ တကယ်ဖြစ်နိုင်သလားဆိုတာ‌ကိုတော့ ဘေးလ်က "ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော် အဲ့ဒီအကြောင်းကို အများကြီး မစဉ်းစားရသေးပါဘူး။ နောက်ပြီး စံနှုန်းတွေက အများကြီး ခြားနားစေသလားဆိုတာ မသိပါဘူး။ ဘောလုံးကစားပွဲက ဘောလုံးကစားပွဲပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် ခြေစွမ်းကျသွားပြီလို့ မယူဆပါဘူး။ အပြောင်းအရွေ့အတွက် ပြောဆိုမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်"
"ကျွန်တော်ကြံ့ခိုင်မှု ရှိသလောက် ကစားခွင့်ရသွားဖို့အတွက် သေချာချင်ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကျွန်တော် နိုင်ငံအသင်းအတွက် လေ့ကျင့်ရေးကိုလာတော့ ကျွန်တော် ကြံ့ခိုင်မှု မပြည့်ဝနေပါဘူး။ ကျွန်တော် ပွဲကစားချိန်အများကြီးလဲ မရထားပါဘူး။ အဓိကကတော့ ကျွန်တော် ကမ္ဘာ့ဖလားမှာ ကစားချင်တယ်။ အဲ့ဒီအတွက် ကျွန်တော်ကြံ့ခိုင်မှုပြည့်ဝဖို့နဲ့ ကစားခွင့်ရဖို့ အရေးကြီးပါတယ်"လို့ ဘေးလ်က ဖြေခဲ့ပါတယ်။

#အာဆင်နယ် #ဂါရတ်ဘေးလ် #ဝီလ်ရှိုင်းယား