ရှေ့သို့
Image

ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အန်ဒီကာရိုးလ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဘရုဂျက် ပယ်ချ

10:09 AM, 25 June

ဘရုဂျက်အသင်းဟာ အန်ဒီကာရိုးလ်ကို ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အဆင်မပြေခဲ့တာကြောင့် ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ကာရိုးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဘရွန်း အသင်းကနေ ထွက်ခွာပြီးနောက် အလွတ်နဲ့ရမယ့် ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။

သတင်းတွေအရ ကာရိုးလ်တစ်ယောက် ဘရုဂျက်ကို ပြောင်းတာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်တိုက်စစ်မှူးဟောင်းဟာ အခုလအစောပိုင်းကမှ တီဗွီစတားတစ်ဦးဖြစ်တဲ့ ဘီလီနဲ့ လက်ထပ်ထားခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဘရုဂျက်မှာ ခြေစမ်းဖို့စီစဉ်ခဲ့သေးပေမယ့် ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။ ကာရိုးလ်ရဲ့ကြံ့ခိုင်မှုအအေထား အဆင်မပြေတော့ပဲ ၂၀၁၅ - ၁၆ နောက်ပိုင်းကတည်းက တစ်ရာသီလိဂ်ပွဲ ၂၀ ထက်ပိုမကစားနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ ခက်ခဲ့တဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီးနောက်မှာ ဘရုဂျက်ရဲ့ပယ်ချခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းက ရက်ဒင်းအသင်းက ရွေးချယ်ခဲ့ပေမယ့် ဝက်စ်ဘရွန်းကိုမပြောင်းခင် အသင်းအတွက် ၈ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

စတိဗ်ဘရုစ်ရဲ့အသင်းအတွက် ဒုတိယရာသီဝက်မှာ ၁၅ ပွဲ အထိ ပါဝင်ကစားခဲ့ပေမယ့် ၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က စာချုပ်သစ်အတွက် လုံလောက်မှုမရှိခဲ့ပဲ အခုတော့ အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #စတိဗ်ဘရုစ် #အန်ဒီကာရိုးလ်