ရှေ့သို့
Image

လူချင်းတွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပြီးနောက် ယူနိုက်တက်ကနေ ရန်နစ် ထွက်ခွာဖို့ တန်ဟက် တွန်းအားပေး

9:57 AM, 25 June

သတင်းတွေအရ ယူနိုက်တက်အသင်းနည်းပြ တန်ဟက်ဟာ ရန်နစ်နဲ့ လူချင်းတွေ့ဆုံဖို့ငြင်းဆန်ခဲ့ပြီးနောက် ရန်နစ်တစ်ယောက် ယူနိုက်တက်ကနေ ထွက်ခွာရအောင် တွန်းအားပေးခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ရန်နစ်ဟာ ဆိုးလ်ရှားအထုတ်ခံရပြီးနောက် ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ဒီဇင်ဘာလတုန်းက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယရာသီဝက်မှာ အသင်းရဲ့ရလဒ်ပိုင်းကို တိုးတက်အောင်မလုပ်ဆောင်နိုင်ခဲ့ပဲ ယူနိုက်တက်က အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်နည်းပြဟောင်းက အခုနွေရာသီမှာ ယူနိုက်တက်အသင်းရဲ့အတိုင်ပင်ခံအဖြစ် ၂ နှစ်တာဝန် ထမ်းဆောင်မှာဖြစ်ပါတယ်။ သို့ပေမယ့် ရာသီအကုန် ၂ ပတ်ကာလအပြီးမှာတော့ ရန်နစ်က သြစတြီးအသင်းအတွက် အာရုံစိုက်ချင်တာကြောင့် ယူနိုက်တက်အသင်းထံကနေ အပြီးသတ်ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။

တန်ဟက်ကတော့ ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြဖြစ်လာခဲ့ပြီး သတင်းတွေအရ အေဂျက်နည်းပြဟောင်းဟာ ဂျာမန်သားနဲ့ အလုပ်အတူတူတွဲမလုပ်ချင်တာကြောင့် ရန်နစ်တစ်ယောက် ယူနိုက်တက်ကနေ ထွက်ခွာရတာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ ရန်နစ်က တန်ဟက်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။ များပြားလှတဲ့သတင်းတွေအရ ရန်နစ်ဟာ  တန်ဟက် နဲ့ လူချင်းတွေ့ဆုံလိုခဲ့ပေမယ့် နယ်သာလန်သားက ဖုန်းနဲ့သာ ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်သတင်းတွေအရ တန်ဟက်ဟာ ရန်နစ်ရဲ့ အခုနွေရာသီမှာ ကစားသမားသစ် ၁၀ ဦးလောက် လိုအပ်တယ်ဆိုတဲ့ပြောကြားချက်ကို သဘောမကျဖြစ်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့လတုန်းက ရန်နစ်ထွက်ခွာမှုကို အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ပေးခဲ့တဲ့ ရန်နစ်ကို ကျေးဇူးတင်ပါတယ်။ ၂ ဦးသဘောတူအနေအထားမှာ ရန်နစ်က နိုင်ငံအသင်းနည်းပြအလုပ်ကို အာရုံစိုက်ချင်တာကြောင့် အတိုင်ပင်ခံရာထူးကနေ နုတ်ထွက်တော့မှာပါ။

လာမယ့်ဘဝသစ်မှာ ရန်နစ်တစ်ယောက် အခုထက်ပိုပြီး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ယူနိုက်တက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယူနိုက်တက်စတားတွေဟာ လာမယ့်အပတ်မှာ အားလပ်ရက်ကနေ ပြန်လာကြမှာဖြစ်ပြီး တန်ဟ်ကလည်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်မှာဖြစ်ကာ လာမယ့်ဇူလိုင်လ ၁၂ ရက်နေ့ ဘန်ကောက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် လီဗာပူးနဲ့ ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ရန်နစ်