ရှေ့သို့
Image

ယူနိုက်တက် အသင်းဖော် ၂ ဦးကို ဘောလုံးကန်ဖို့လာတာ ရုပ်ရှင်ရိုက်ဖို့ မဟုတ်ဘူးလို့ အော်ဟစ် ပြောကြားခဲ့တဲ့ ဖာနန်ဒက်စ်

1:36 PM, 24 June

ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က အသင်းဖော် ၂ ဦးဖြစ်တဲ့ ဖရက်ဒ်နဲ့ တယ်လက်စ်တို့ကို ဘောလုံးသမားလိုပြုမူကြဖို့ အော်ဟစ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ရုပ်သံအနှေးပြကွက်မှာ ဖာနန်ဒက်စ်က ဘရာဇီးလ်အတွဲဖြစ်တဲ့ ဖရက်ဒ်နဲ့ တယ်လက်စ်တို့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းပြင်ပမှာ ဗီဒီယိုရိုက်ကူးနေတာကို အော်ဟစ်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဘရာဇီးလ်သား ၂ ဦးကို “ဘောလုံးသမားလိုပြုမူကြစမ်းပါ။ မင်းတို့ဒီကို ဘောလုံးကန်ဖို့လာတာ ရုပ်ရှင်ရိုက်ဖို့ မဟုတ်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ် နဲ့ အသင်းဖော် ၂ ဦးကြားမှာ အော်ဟစ်မှုတွေရှိခဲ့ပြီး ပေါ်တူဂီသားက “Film my d**k” လို့ ပြောကြားခဲ့သလို ဖရက်ဒ်ကလည်း “Chill out you f***r”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ပြုမူပုံကို ယူနိုက်တက်ပရိသတ်တွေက သဘောကျနေကြပြီး လူမှုမီဒီယာမှာ ပရိသတ်တစ်ဦးက “ကျွန်တော်တစ်နေ့လုံး ရယ်ရအောင် ဖာနန်ဒက်စ်လုပ်လိုက်ပါပြီ။ ချစ်တယ် ဖာနန်ဒက်စ်”လို့ ရေးသားခဲ့ပါတယ်။

တယ်လက်စ်ဟာ ၂၀၂၀ တုန်းက ပေါ်တိုကနေ ယူနိုက်တက်ကို  ပြောင်းလာခဲ့တာဖြစ်ပြီး လုခ်ရှောနေရာကို အကောင်းဆုံးအစားထိုးကစားနေတာဖြစ်ပါတယ်။ တယ်လက်စ်ဟာ ယူနိုက်တက်အတွက် ၅၀ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တယ်လက်စ်ကတော့ နည်းပြသစ် တန်ဟက်လက်အောက်မှာ နေရာရနိုင်ဖို့ မျှော်လင့်နေပြီး အလုပ်အတူတူတွဲလုပ်ချင်နေပါတယ်။ ပရိသတ်တွေကလည်း ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မာတာတို့မရှိတော့တဲ့အနေအထားမှာ အသင်းကို လူအင်အားဖြည့်တင်းမှုပြုလုပ်ဖို့ မျှော်လင့်နေကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ဖရက်ဒ်