ရှေ့သို့
Image

လီဗာပူးကနေ မာနေး ထွက်ခွာမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မိုက်ကယ်အိုဝင်

10:24 AM, 24 June

လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင်က အသင်းကနေ မာနေးတစ်ယောက် ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အိုဝင်က မာနေးရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပြီး ထိပ်တန်း ကစားသမားတစ်ဦးဖြစ်ကာ အသင်းမှာ ဂန္ထဝင်ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဆီနီဂေါသားဟာ မနေ့တနု်းက ဘိုင်ယန်ကို တရားဝင်ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ကာ ပေါင် ၃၅.၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လီဗာပူးကတော့ အသင်းအပေါ်သူပေးဆပ်ခဲ့တာတွေကို လေးစားသမှုနဲ့ အခုနွေရာသီမှာ မာနေးကို ထက်ဝက်ဈေးနဲ့ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မာနေးဟာ အသက် ၃၀ အရွယ်ရောက်ရှိနေပြီဖြစ်ကာ လီဗာပူးနဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပါတယ်။

အိုဝင်က ဝေဖန်နေပေမယ့် မာနေးတစ်ယောက် ဘာကြောင့်ပြောင်းလဲဆိုတာကို နားလည်နိုင်တာဖြစ်ပါတယ်။ သူဟာ လီဗာပူးမှာ ဆာလက်ရဲ့နောက်မှာ လောင်းရိပ်မိနေပြီး ဘိုင်ယန်မှာတော့ လီဝန်ဒေါစကီးက ထွက်ခွာဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး မာနေးအနေနဲ့ မပြောင်းပဲ မနေနိုင်တာဖြစ်ပါတယ်။ အိုဝင်က မာနေးကို အခုလိုမြင်ရတာက ခက်ခဲသလို ပရိသတ်တွေအနေနဲ့လည်း ခက်ခဲမှာဖြစ်ပြီး ဂန္ထဝင်အဖြစ် မြင်ချင်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကလော့ပ်ကတော့ မာနေးနေရာအတွက် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ပေါင် ၈၅.၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေကတော့ အသင်းရဲ့ကွင်းလယ်ပိုင်းကို စိုးရိမ်နေကြတာဖြစ်ပြီး အသင်းကွင်းလယ်က ဒဏ်ရာပြဿနာတွေများတတ်တာဖြစ်ပါတယ်။ မာနေးထွက်ခွာမှုက လီဗာပူးတိုက်စစ်ပိုင်းကို မထိခိုက်နိုင်ပေမယ့် ကွင်းလယ်ပိုင်းကတော့ အခုနွေရာသီမှာ မဖြစ်မနေအားဖြည့်ရမှာဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #မာနေး #ဘိုင်ယန်မြူးနစ် #မိုက်ကယ်အိုဝင်