ရှေ့သို့
Image

အာဆင်နယ် အပြောင်းအရွှေ့အစီအစဉ်ဟာ လာမယ့် ၆ နှစ်အတွက်ဖြစ်တယ်လို့ အီဒူးအတည်ပြု

2:27 PM, 23 June

အာဆင်နယ် အသင်းအမှုဆောင် အီဒူးက လက်ရှိအသင်းအနေအထားကို လာမယ့် ၆ နှစ်စာအတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူက လက်ရှိနွေရာသီမှာ အာတီတာ လိုချင်တဲ့ ကစားသမား ၄ ဦးလောက်ကို ခေါ်ယူပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ မာကွင်ဟို့စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် သိပ်မကြာခင်မှာ ပေါ်တိုစတား ဖေဘီယိုဗီအဲရာကို ထပ်မံခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းအတွက်လည်း မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ကို ဆွေးနွေးနေကာ အဆင်ပြေနေတာဖြစ်ပါတယ်။


အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကံမကောင်းစွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကပ်ပြီး လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တာကြောင့် အာတီတာနဲ့ အီဒူးတို့က အသင်းလူအင်အားကို ဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားယုံမက အသင်းနဲ့ကိုက်ညီမယ့်လူငယ်ကစားသမားတွေကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။


“၁၀၀% မှန်ပါတယ်။ ကျွန်တော်တို့ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံနေတာပါ။ အဲ့အတွက်လည်း ဈေးကွက်ထဲမှာ အသင်းအတွက် မှန်ကန်တဲ့အသက် ၊ မှန်ကန်တဲ့အာရုံစိုက်မှု ၊ မှန်ကန်တဲ့စိတ်ဓာတ်ပိုင်းရှိတဲ့သူတွေကို ရှာဖွေနေပါတယ်။ အသင်းကို လူငယ်တွေနဲ့ တည်ဆောက်ပြီး ကျွန်တော်တို့ သူတို့နဲ့အတူတူ လာမယ့် ၃ ၊ ၄ ၊ ၅ ဒါမှမဟုတ် ၆ နှစ်လောက်သွားချင်ပါတယ်။ အဲ့အတွက်လည်း ရာသီသစ်မစတင်ခင်မှာ ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်နေပါတယ်။ ဒီနွေကတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားသမားတွေကို ရှာဖွေသွားမှာပါ။ ဖေဘီယိုက အကောင်းဆုံးဥပမာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကိုအချိန်တစ်ခုစောင့်ကြည့်ခဲ့ပြီး လျင်လျင်မြန်မြန်ခေါ်ယူခဲ့ပါတယ်။ အခြားသတင်းကောင်းတွေလည်းရှိနေပါတယ်။ ပရိသတ်တွေကို ကျွန်တော်တို့ သတင်းတွေပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်”လို့ အီဒူးက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အီဒူး #အာဆင်နယ် #အပြောင်းအရွှေ့ #ဗီအဲရာ