ရှေ့သို့
Image

ကနဦးကမ်းလှမ်းမှု ငြင်းပယ်ခံရပြီးနောက် ရာဖင်ဟာကို ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

9:14 AM, 23 June

အာဆင်နယ် အသင်းရဲ့ ရာဖင်ဟာအပေါ် ကနဦး ကမ်းလှမ်းကို လိဒ်စ်ယူနိုက်တက်က ပယ်ချလိုက်ပြီး ပေါင်၆၅သန်း လိုချင်နေကြောင်း သိရပါတယ်။

အာဆင်နယ်ရဲ့ ကနဦးကမ်းလှမ်းမှုဟာ လိဒ်စ်တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးနဲ့  တော်တော်လေး ကွာနေတာဖြစ်ပေမဲ့ ဂန်းနားတွေအနေနဲ့ ကမ်းလှမ်းမှုအသစ်နဲ့ ပြန်လာဖို့ ရှိနေပါတယ်။ ဘရာဇီးသားကို ဘာစီလိုနာအပြင် ချဲလ်ဆီး၊ တော့တင်ဟမ်တို့ကလည်း စိတ်ဝင်စားနေပေမဲ့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရာဖင်ဟာတစ်ယောက် ဘာစီလိုနာကို ပြောင်းချင်ရင်တော့ ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ အသင်းဖြစ်တဲ့အတွက် စိတ်ရှည်ဖို့လိုနေပါတယ်။ Marcaရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ရာဖင်ဟာအပေါ် အာဆင်နယ်ရဲ့ ချဉ်းကပ်လာမှုကို စိတ်အေးလက်အေးရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာမှာတော့ ဒမ်ဘီလီရဲ့ အနာဂတ်က ယခုချိန်ထိ မရေမရာဖြစ်နေဆဲဖြစ်ပြီး နည်းပြ ဇာဗီကတော့ ပြင်သစ်သားကို သက်တမ်းတိုးလိုနေပါတယ်။ ချဲလ်ဆီးက ဒမ်ဘီလီအတွက် ချိတ်ဆက်နေပေမဲ့ ကစားသမားရဲ့ အနာဂတ်အပေါ် ရှင်းရှင်းလင်းလင်း မသိရမှုက ပြဿနာတစ်ရပ် ဖြစ်နေခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ကတော့ ရာဖင်ဟာသာ ထွက်သွားမယ်ဆိုရင် အစားထိုးဖို့ ပီအက်စ်ဗွီတောင်ပံလူ ဂတ်ပိုနဲ့ ဝုဗ်တောင်ပံလူ ထရာအိုရေးတို့ကို ပစ်မှတ်ထား စဉ်းစားနေခဲ့ပါတယ်။

#အာဆင်နယ် #လိဒ်စ်ယူနိုက်တက် #ရာဖင်ဟာ