ရှေ့သို့
Image

ရစ်ချာလီဆန်ကို ရောင်းရတဲ့ငွေနဲ့ ကစားသမား ၄ ယောက်ထိ ပြန်ခေါ်သွားမယ့် အဲဗာတန်

4:41 PM, 22 June

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ကြိုးစားနေကြတဲ့ အသင်းများစွားရှိပြီး ဘရာဇီးသားကလည်း ဂွတ်ဒီဆင်ပါ့ခ်ကနေ ထွက်ခွာဖို့နီးစပ်နေပြီဖြစ်ပါတယ်။ 


တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဖရန့်လမ်းပတ်ရဲ့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ကြိုးစားမှုမှာ အဓိကကျခဲ့သူဖြစ်ပေမယ့် ဒီနွေရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာကြောင့် အနာဂတ် မရေမရာဖြစ်လာပါတယ်။ အဲဗာတန်ကတော့ ဘရာဇီးသားကိုဒီနွေရာသီမှာ ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၅၀ ပေးရမယ်လို့ ပြောထားပြီး ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့က စိတ်ဝင်စားလျက်ရှိပါတယ်။ 


ရစ်ချာလီဆန်က“ဘုတ်အဖွဲ့ကိုရှင်းရှင်းလင်းလင်းပြောပြီးပါပြီ။နည်းပြလမ်းပတ်နဲ့ကျွန်တော့်ရဲ့အေးဂျင့်ကိုလည်းကျွန်တော်ဘာဖြစ်ချင်တယ်ဆိုတာ ပြောပြီးပြီ။ ဇွန်လထိစောင့်ကြည့်တာပေါ့။ အခုတော့မပြောနိုင်သေးဘူး၊ ဒါမျိုးပြောလိုက်ရင် ကျွန်တော့်ကို အဲဗာတန်ပရိသတ်တွေ စိတ်ပျက်သွားကြပါလိမ့်မယ် ”လို့ ပြောခဲ့ပါတယ်။ 


အဲဗာတန်ဟာ ရာသီကုန်မှာ ဘန်လေနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျိမ်းစ်တာကောစကီးကို အလွတ်နဲ့ခေါ်ယူထားပြီး ရစ်ချာလီဆန်ကိုသာ ရောင်းချနိုင်ခဲ့ရင် နောက်ထပ်ကစားသမား ၄ ယောက်လောက်ကို ခေါ်ယူသွားဖို့ရှိနေပါတယ်။ အဲ့ဒီကစားတွေထဲက တစ်ယောက်ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားရပြီဖြစ်တဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူးအီမန်နျူရယ်ဒန်းနစ်ပါ။ 


နိုက်ဂျီးယားတိုက်စစ်မှူးကိုအဲဗာတန်ကကာလရှည်စောင့်ကြည့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ရစ်ချာလီဆန်သာ ထွက်ခဲ့ရင် ဒန်းနစ်ကို တိုက်ရိုက်အစားထိုးဖို့ကို နည်းပြလမ်းပတ်က ရည်ရွယ်ထားပါတယ်။ ဝက်ဖို့ဒ်ကတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ခေါ်ထားပြီး ရစ်ချာလီဆန်နဲ့လည်း ကစားပုံတော်တော်လေး ဆင်တူတာကြောင့် အကောင်းဆုံးအစားထိုးမှု ဖြစ်လာနိုင်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ မန်စီးတီးမှာ နေရာပျောက်နေတဲ့ အိုလက်ဇန်းဒါးဇင်ချန်ကိုပါ။ နိုင်ငံအသင်းမှာ ကွင်းလယ်ပိုင်းတက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ၂၅ နှစ်သားကို အဲဗာတန်ကလည်း ကွင်းလယ်မှာထားကစားဖို့ ရည်ရွယ်ထားပါတယ်။ ဇင်ချန်ကိုကိုတော့ အဲဗာတန်အပြင် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေပြီးကစားသမားကိုယ်တိုင်က ပုံမှန်နေရာရမယ့်အသင်းတစ်ခုကို ပြောင်းရွှေ့ချင်နေပါတယ်။ အဲဗာတန်ကိုရွေးချယ်မယ်ဆိုရင်တော့ နိုင်ငံအသင်းဖော် ဗစ်တာလီမိုင်ကိုလန်ကိုနဲ့ တွဲကစားနိုင်မှာလည်း ဖြစ်ပါတယ်။ 


အဲဗာတန်ဟာ ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး လက်စတာက ဟမ်ဖာချောင်ဒူရီကတော့ အဲဗာတန်နဲ့ သတင်းထွက်နေတဲ့ ကစားသမားဖြစ်ပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားကို အဲဗာတန်အပြင် နော့တင်ဟမ်ဖောရက်စ်ကလည်း စိတ်ဝင်စားနေပြီး လက်စတာမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းရွှေ့ဖို့များပါတယ်။ 


နောက်ထပ် အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးဖြစ်တဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် အာမန်ဒိုဘရိုဂျာကလည်း နည်းပြလမ်းပတ်ရဲ့ တိုက်စစ်ပစ်မှတ်တစ်ခု ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားသားလေးဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်မှာ အငှားထွက်ကစားပြီး သွင်းဂိုး ၆ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့သူပါ။ ဒါပေမယ့် ချဲလ်ဆီးက အပြီးသတ်ရောင်းချဖို့ ငြင်းဆန်ဖွယ်ရှိတာကြောင့် အဲဗာတန်အနေနဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးလေးကို အငှားနဲ့သာ အရင်ဆုံးခေါ်ယူရဖွယ် ရှိပါတယ်။ 


#အဲဗာတန် #လမ်းပတ် #ရစ်ချာလီဆန်