ရှေ့သို့
Image

မိုနာကိုက ထွက်ခဲ့ပေမယ့် အနားယူဦးမှာမဟုတ်တဲ့ ဖာဘရီဂတ်စ်

10:57 AM, 22 June

အနာဂတ်မှာ နည်းပြတစ်ယောက်အဖြစ် မြင်တွေ့ရဖို့ရှိပေမယ့်လည်း ဆက်ဖာဘရီဂတ်စ်ကတော့ ပြီးခဲ့တဲ့ ပိတ်ရက်ကပဲ မိုနာကိုကနေ ထွက်ခွာခဲ့ပြီးနောက်မှာ အနားယူဖို့အစီအစဉ်မရှိသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

၃၅ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီမှာ ပြည်တွင်းလိဂ်၂ ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး ခြေကျင်းဝတ်နဲ့ တံကောက်ကြောဒဏ်ရာတွေကြောင့် ကွင်းထဲမှာတောင် မြင်တွေ့ရဖို့ ခက်ခဲ့ပါတယ်။ ဖာဘရီဂက်စ်မပါဝင်နိုင်ခဲ့တဲ့ မိုနာကိုဟာ လီဂူးဝမ်းအမှတ်ပေးဇယားမှာ ပီအက်စ်ဂျီ၊ မာဆေးလ်တို့ရဲ့နောက် အဆင့် ၃ နေရာရရှိခဲ့သလို ဒီဇင်ဘာမှာ နည်းပြနီကိုကိုဗက် ထွက်ခွာသွားပြီးနောက် ထိပ်ဆုံးနှစ်သင်းကို နိုင်ခဲ့တဲ့ပွဲတွေအပါအဝင် နောက်ဆုံး ၁၂ မှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

ကစားသမားဘဝက နားရင်နည်းပြဘဝကို ပြောင်းလဲဖို့အစီအစဉ် ရှိမရှိမေးမြန်းရာမှာတော့ သူ့ရဲ့ကစားသမားဘဝကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ပြီးမှ အဆုံးသတ်မယ်လို့ ပြောခဲ့ပါတယ်။ ဖာဘရီဂက်စ်က “အရင်ဆုံး ကျွန်တော်ကစားချင်ပါသေးတယ်။ ဒီအတိုင်းကြီး မရပ်တန့်ချင်ပါဘူး။ နှစ်တစ်နှစ်ကို ဒီပုံစံနဲ့အဆုံးသတ်ဖို့က ဆိုးလွန်းပါတယ်။ ကျွန်တော်ပျော်ပျော်ပဲနေချင်တယ်၊ အဆင်ပြေပြေနဲ့ပဲ အဆုံးသတ်ချင်တယ်။

ဘာမှမဆုံးဖြတ်ရသေးဘူး၊ ကျွန်တော်နားစွင့်ထားတယ်။ လမ်းအားလုံးလည်း ဖွင့်ထားတယ်။ ကစားရမယ့်အသင်းရဲ့ အဆင့်တစ်ခုထိတော့ ချပြီးရွေးရမယ်ထင်တယ် ဒါပေမယ့် ချန်ပီယံလိဂ်မှာလည်း အဆင့်နည်းနည်းပိုနှိမ့်တဲ့ အသင်းတွေရှိပါတယ်။ ဒီတစ်ခုကတော့ ရှင်းတယ်။ ကျွန်တော့်ကို ယုံကြည်ပြီး၊ ပေးကစားမယ့် အသင်းမျိုးကိုပဲ သွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

ဖာဘရီဂက်စ်ဟာ ၂၀၁၉ ဇန်နဝါရီမှာ မိုနာကိုကိုရောက်ရှိခဲ့တာဖြစ်ပြီး အသင်းက လူငယ်ကစားသမား အများစုကို တိုးတက်အောင် သင်ပြပေးခဲ့သူလည်းဖြစ်ပါတယ်။ မိုနာကိုကစားသမားဘဝမှာ ၆၈ ပွဲသာကစားခွင့် ရရှိခဲ့ပေမယ့် ဒီအချိန်မှာတော့ သူ့ရဲ့အသင်းသစ်ကို ရှာဖွေလျက်ရှိပါတယ်။

#မိုနာကို #လီဂူးဝမ်း #ဖာဘရီဂတ်စ်