ရှေ့သို့
Image

လူကာကူကို အငှားနဲ့ ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ အင်တာမီလန်

9:34 AM, 22 June

အင်တာမီလန်အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူကို အငှားနဲ့ ခေါ်ယူဖို့ မူအားဖြင့်သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ The Athleticရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ လူကာကူကို အငှားနဲ့ ခေါ်ယူဖို့ ပေါင် ၆.၉သန်း+ အပိုဆုကြေးတွေ ပေးရမယ်လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယံသားဟာ ဆန်စီရိုထံ အငှားနဲ့ မပြန်ခင် လာမယ့်အပတ် ဆေးစစ်မှုခံယူသွားမှာဖြစ်ပါတယ်။ စာရွက်စာတမ်း ကိစ္စတွေ အပြီးမသတ်ရသေးပေမဲ့ အင်တာအနေနဲ့ လူကာကူကို အငှားနဲ့ခေါ်ယူပြီးရင် အပြီးသတ်ခေါ်ယူခွင်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးကတော့ လူကာကူကို ပြီးခဲ့တဲ့ရာသီက ပေါင် ၉၈.၅သန်းအထိ ပေးပြီးဝယ်ထားရပြီးနောက် တိုက်စစ်မှူးကို လျော့ဈေးနဲ့ ပြန်ထွက်ခွင့်ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၆ခုနှစ်မှာမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်မယ့် လူကာကူဟာ လာမယ့်ရာသီအပြီး ချဲလ်ဆီးကို ပြန်လာရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ချဲလ်ဆီးမှာ ဆိုးရွားတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့အပြီး စီးရီးအေကို ပြန်ချင်ကြောင်း အတိအလင်း ထုတ်ဖော်ထားခဲ့ပါတယ်။

လူကာကူတစ်ယောက် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ပြီးရင် ပေးထွက်လိုက်တာက ၂ဦး၂ဖက် အကောင်းဆုံး အဖြေဖြစ်မယ်လို့ ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေက ယုံကြည်နေပါတယ်။ ၂သင်းကြား ၃နာရီကြာဆွေးနွေးမှု အပြီးမှာတော့ အင်တာမီလန်အသင်းဟာ လူကာကူကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပေမဲ့ နောက်ဆုံးအဆင့် ဆွေးနွေးစရာတွေတော့ ကျန်ရှိနေပါသေးတယ်။

လူကာကူ ထွက်သွားတာကြောင့် ချဲလ်ဆီးအနေနဲ့ တိုက်စစ်ပိုင်း ပြန်လည်ဖြည့်တင်းဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးကစားသမား စတာလင်ကို စိတ်ဝင်စားနေပါတယ်။ ချဲလ်ဆီးက စီးတီးနဲ့ တိုက်ရိုက် ဆက်သွယ်မှု မလုပ်ရသေးပေမဲ့ စာချုပ်သက်တမ်း ၁နှစ်ကျန် ကစားသမားအတွက် ပေါင် ၅၅သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #အပြောင်းအရွှေ့ #လူကာကူ