ရှေ့သို့
Image

ကယ်ဗင်ရမ်ဆေးကို ခေါ်ယူနိုင်ခဲ့မှုကြောင့် ကစားသမားနှစ်ဦးကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေတဲ့ လီဗာပူး

4:35 PM, 21 June

အဘာဒင်းညာနောက်ခံလူ ကယ်ဗင်ရမ်ဆေးကို ခေါ်ယူခဲ့မှုနှင့်အတူ ယာဂန်ကလော့ပ်သည် လီဗာပူးအသင်းကို ပြန်လည်ဖွဲ့စည်းခဲ့သလို ယခုနွေရာသီ အပြောင်းအရွှေ့တွင် အသင်းရှိ ညာနောက်ခံလူနှစ်ဦးအား ထွက်ခွာခွင့်ပြုဖွယ် ရှိနေသည်။

လီဗာပူးတို့သည် ယခုနှစ်နွေရာသီတွင် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်၊ ဖူဟမ်လ်ကွင်းလယ်လူ ကာဗယ်လ်ဟိုတို့နှင့်အတူ ကယ်ဗင်ရမ်ဆေးကို ခေါ်ယူခဲ့သည်။ ရမ်ဆေးသည် လီဗာပူးအဓိက ကစားသမား အာနိုးလ်၏ အရံအဖြစ် ကစားရဖို့ရှိပြီး လီဗာပူး ညာနောက်ခံလူနေရာအတွက် အင်္ဂလန်လက်ရွေးစင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိနိုင်သည်။ ထို့ပြင် အဘာဒင်းညာနောက်ခံလူ ရောက်ရှိလာခြင်းကြောင့် နည်းပြကလော့ပ် အနေဖြင့် နီကို ဝီလျံစ်နှင့် ကော်နာ ဘရက်ဒ်လေတို့ကို အသင်းမှ ထွက်ခွာခွင့်ပြုသွားဖွယ် ရှိနေသည်။

နီကို ဝီလျံစ်သည် ပြီးခဲ့သည့်ရာသီ၊ ရာသီဝက်ကာလတွင် ဖူလ်ဟမ်သို့ အငှားထွက်ကစားခဲ့ရာ အနောက်လန်ဒန်ကလပ်အတွက် ၁၅ ပွဲပါဝင်ကစားပေးခဲ့ရပြီး ချန်ပီယံရှစ်ချန်ပီယံဆုနှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။ ဖူလ်ဟမ်အနေဖြင့် ယခုရာသီအကြိုကာလတွင် နီကို ဝီလျံစ်ကို အသင်းထံခေါ်ယူနိုင်ရန် စိတ်အားထက်သန်နေမည်ဖြစ်သလို နော့တင်ဟမ်ဖောရက်စ်ကလည်း ကစားသမားအခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်။

အလားတူ ကော်နာ ဘရက်ဒ်လေမှာလည်း ပြီးခဲ့သည့် ၁၂ လတာအတွင်း လီဗာပူးစီနီယာအသင်းအတွက် အသင်းကြီးအတွက် ၅ ပွဲ ပါဝင်ကစားပေးခဲ့သည်။ အသက် ၁၈ နှစ်အရွယ် ကစားသမားသည် ပရီးမီးယားလိဂ်-၂မှာတော့ ၃၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ရပြီး ယခုအခါ သူ၏ ကစားသမားဘဝတိုးတက်ရေးအတွက် အန်ဖီးလ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သုံးသပ်ကြသည်။

နည်းပြကလော့ပ်အနေဖြင့် ယခုနွေရာသီ ခေါ်ယူအားဖြည့်မှုများက လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို စိန်ခေါ်နိုင်ရန် ကူညီပေးနိုင်မည်ဟု ယုံကြည်နေဖွယ်ရှိသည်။

#လီဗာပူး #ကလော့ပ် #ရမ်ဆေး