ရှေ့သို့
Image

လူကာကူနဲ့ ပေါ့ဂ်ဘာတို့ စီးရီးအေ ပြန်လာတာ ကောင်းတယ်လို့ ဒဲလ်ပီယာရို ပြောကြား

10:31 AM, 21 June

အလက်ဆန်ဒရိုဒဲလ်ပီယာရိုက စီးရီးအေကို လူကာကူနဲ့ ပေါ့ဂ်ဘာတို့ပြန်လာတာက တကယ်ကောင်းတဲ့ အပြောင်းအရွှေ့ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ ကစားသမားဟောင်း ပေါ့ဂ်ဘာကို ယူနိုက်တက်ထံကနေ ပြန်လည်ခေါ်ယူနိုင်တော့မှာဖြစ်သလို အင်တာကလည်း တိုက်စစ်မှူးဟောင်း လူကာကူကို ချဲလ်ဆီးကနေ ပြန်လည်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

အဆိုပါကစားသမား ၂ ဦးစလုံးဟာ စီးရီးအေ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေတဲ့သက်ဆိုင်ရာအသင်းတွေမှာ လာမယ့်ရာသီအတွက် ကူညီပေးကြဖွယ်ရှိနေပါတယ်။ ဂျူဗင်တပ်စ်ဂန္ထဝင် ဒဲလ်ယာရိုက အဆိုပါကစားသမား ၂ ဦးဟာ အီတလီဘောလုံးလောကကို ဥရောပထိပ်တန်းလိဂ်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ခံစားနေရပါတယ်။

“ပရီးမီးယားလိဂ်က အခုဆို အသင်းတော်တော်များများအပြင် ထိပ်တန်းအဆင့်မျိုးမှာ စွမ်းဆောင်နိုင်တာကြောင့် အကောင်းဆုံးလိဂ်တစ်ခုဖြစ်နေပါတယ်။ ဘောလုံးမှာက မတူညီတဲ့အခိုက်အတန့်တွေရှိပါတယ်။ ပရီးမီးယားလိဂ်နဲ့ စီးရီးအေက မတူညီတဲ့အနေအထားပါ။ အီတလီအခုတော့ ရုန်းကန်နေရပြီး နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေကလည်း အတူတူပါပဲ။ ပြီးခဲ့တဲ့ရာသီကတော့ နည်းနည်းထူးခြားခဲ့ပြီး ရိုးမားအသင်းက ယူရိုပါကွန်းဖရန့်လိဂ် ရရှိခဲ့ပါတယ်။ လူကာကူ နဲ့ ပေါ့ဂ်ဘာတို့ ပြန်လာတာက အီတလီဘောလုံးလောကကို တဖန်ပြန်လည်တောက်ပလာနိုင်ပါတယ်”လို့ ဒဲလ်ပီယာရိုက ပြောကြားခဲ့ပါတယ်။

အင်တာဟာ ၂၀၁၉ - ၂၀ တုန်းက မော်ရင်ဟို လက်အောက်မှာ ချန်ပီယံလိဂ်ရပြီကတည်းက ဥရောပဖလားနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အင်တာမီလန် #အပြောင်းအရွှေ့ #ပေါ့ဂ်ဘာ #လူကာကူ