ရှေ့သို့
Image

ဂျီးဆပ်စ်ကို စည်းရုံးဖို့ ဘာမဆိုလုပ်သွားဖို့ အဆင်သင့်ရှိနေတဲ့ အာဆင်နယ်

2:02 PM, 20 June

မန်စီးတီး တိုက်စစ်မှူး ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ရေးတိုက်ပွဲတွင် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ကို ကျော်ဖြတ်နိုင်ရန် အာဆင်နယ်အနေဖြင့် ဘရာဇီးလ်တိုက်စစ်မှူးကို စည်းရုံးသိမ်းသွင်းဖို့ ဘာမဆိုလုပ်ဆောင်သွာရန် ရှိနေကြောင်း သတင်းများအရ သိရသည်။

၂၀၁၇ ခုနှစ်တွင် စီးတီးသို့ ပြောင်းရွှေ့လာခဲ့သော တိုက်စစ်မှူးသည် ပက်ဂွါဒီယိုလာအသင်း အတွက် ပြိုင်ပွဲစုံ ၂၃၆ ပွဲ ကစားကာ ၉၅ ဂိုးသွင်း၊ ၄၆ ကြိမ် ဂိုး ဖန်တီးပေးခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့အတွက်လည်း အကောင်းဆုံး ကူညီနိုင်ခဲ့သည်။ မန်စီးတီးသည် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူခဲ့ပြီးနောက် ဂျီးဆပ်စ်မှာ အသင်းမှထွက်ခွာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး တိုက်စစ်မှူးတစ်ဦးလိုအပ်နေသော အာဆင်နယ်က ဘရာဇီးလ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းများအရ သိရသည်။

လတ်တလောတွင် ဂျီးဆပ်စ်၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၅၀ ဝန်းကျင် ရှိနေသည်။ နာမည်ကျော် အားကစားသတင်းထောက် Di Marzio ၏ အဆိုအရ ဂန်းနားတို့သည် မန်စီးတီးတိုက်စစ်မှူးကို စည်းရုံးသိမ်းသွင်းပြီး အသင်းထံခေါ်ဆောင်နိုင်ရန် အရာရာတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ဂျီးဆပ်စ်၏ အပြောင်းအရွှေ့မှာလည်း မကြာခင်တွင် အရေးပါလှသော ကဏ္ဍတစ်ခုသို့ ဝင်ရောက်လာနိုင်ကြောင်း သိရသည်။

အာဆင်နယ်၏ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ကလည်း ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေပြီး Di Marzio ကလည်း ဂျီးဆပ်စ်၏ အပြောင်းအရွှေ့အတွက် အာဆင်နယ်၏ လှုပ်ရှားမှုမှာ ခက်ခဲလာဖို့ရှိနေကြောင်း ဖော်ပြခဲ့သည်။

#မန်စီးတီး #အာဆင်နယ် #ဂွါဒီယိုလာ #ဂျီးဆပ်