ရှေ့သို့
Image

လီဗာပူးမှာ အမြင့်ဆုံး ရောက်ရှိဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားသစ် ကယ်လ်ဗင် ရမ်ဆေး

10:32 AM, 20 June

လီဗာပူးကစားသမားသစ် ကယ်လ်ဗင်ရမ်ဆေးက အန်ဖီးလ်ကိုပြောင်းလာခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက စကော့တလန်ယူ - ၂၁ ကစားသမားကို အဘာဒန်အသင်းကနေ ခေါ်ယူနိုင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ညာနောက်ခံကစားသမားဟာ မကြာသေးခင်တုန်းက လီဗာပူးဆေးစင်တာမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး အသင်းပြောင်းလာရတဲ့အပေါ် အခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော် ရင်ခုန်နေပါတယ်။ ဒီကိုရောက်လာတာက အိပ်မက်တွေအမှန်တကယ်ဖြစ်လာသလိုပါပဲ။ အဘာဒန်အသင်းအတွက်ကစားခွင့်ရတာက အိပ်မက်ပါပဲ။ အခုတော့ ပိုကြီးတဲ့အသင်းကိုပြောင်းခွင့်ရရရှိခဲ့ပါပြီ။ ကျွန်တော် ပရိသတ်တွေကို ကျွန်တော်လုပ်နိုင်တဲ့အနေအထားမျိုးပြသချင်ပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာ ကျွန်တော် ဘယ်သူလဲဆိုတာကို အသင်းကလူတိုင်းကို ပြသချင်ပါတယ်”လို့ ရမ်ဆေးက ပြောကြားခဲ့ပါတယ်။

ရမ်ဆေးဟာ စကော့တလန်ကလပ်အသင်းအတွက် ၂၀၂၁ မတ်လမှာ ပထမဆုံးပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အသင်းအတွက် စုစုပေါင်း ၃၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၉ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သားဟာ စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာလူငယ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ရမ်ဆေးဟာ လီဗာပူးအသင်းခေါ်ယူခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီး ယခင်က လီဗာပူးအနေနဲ့ ဒါဝင်နူနက်ဇ်နဲ့ ဖေဘီယိုကာဗယ်လ်ဟိုတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

“အသင်းမှာ လူငယ်ကစားသမားတွေအများကြီး ကစားနေပါတယ်။ အာနိုးလ် ၊ အီလီယော့တ်တို့လည်း ရှိနေပါတယ်။ ဒီအချက်ကြောင့်လည်း ကျွန်တော် ဒီမှာကစားဖို့ ရွေးချယ်ခဲ့တာပါ။ ပြီးတော့ စီနီယာအသင်းမှာ လူငယ်တွေကို နေရာပေးလေ့ရှိတဲ့အသင်းပါ။ ကျွန်တော် ရာသီကြိုလိုက်ခွင့်ရမယ်ဆိုရင် စီနီယာအသင်းမှာ နေရာတစ်နေရာရအောင် လုပ်ဆောင်သွားမှာပါ”လို့ ရမ်ဆေးက ပြောကြားခဲ့ပါတယ်။ #လီဗာပူး #ရမ်ဆေး