ရှေ့သို့
Image

ဗဟိုခံစစ်အတွက် ကစားသမားနှစ်ယောက်ကို ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး

10:11 AM, 20 June

ချဲလ်ဆီးအသင်းဟာ နွေရာသီမှာ အသင်းရဲ့ ဗဟိုခံစစ်အတွက် ကစားသမားနှစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ နောက်ခံကစားသမား အန်တိုနီရို ရူဒီဂါ အသင်းက ထွက်ခွာပြီးနောက် အသင်းရဲ့ ဗဟိုခံစ်အတွက် နာမည်ကြီးနောက်တန်းကစားသမားတွေကို ပြန်လည်ဖြည့်တင်းဖို့ ပစ်မှတ်ထားနေပါတယ်။

သို့သော်လည်း ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ နောက်ခံကစားသမား ကာလီဒူ ကူလီဘာလီကို  ဂျူဗင်တပ်အသင်းထံ ခေါ်ယူဖို့ စီစဉ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ ကူလီဘာလီကို တစ်နှစ်လုပ်ခ ပေါင် ၈.၅ သန်းနဲ့ ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးအသင်းခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့နောက်ခံလူ မက်သီးယက် ဒီလစ်နဲ့ ကူလီဘာလီကို တွဲဖက် ကစားစေဖို့အတွက် ခေါ်ယူချင်နေတယ်ဆိုတာ သိသာနေပါတယ်။ နယ်သာလန်ဟား ဒီလစ်ဟာ အသက် ၂၂ နှစ်သာ ရှိနေသေးပေမယ့် အတွေ့အကြုံပြည့်ဝတဲ့ ကစားသမားဖြစ်ပြီး အေဂျက်အသင်း ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ခရီးစဉ်မှာလဲ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဒီလစ်ဟာ ဂျူဗင်တပ်ကနေ ထွက်ခွာနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိနေသော်လည်းပဲ သူဟာ ဂျူဗင်တပ် အသင်းအတွက် နောက်ထပ် ဆယ်စုနှစ်စာ နောက်တန်းအတွက် အားကိုးနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ထို့အပြင် ဒီလစ်ကို ခေါ်ယူချင်နေတဲ့ ဥရောပကလပ်အသင်းတွေဟာ ချဲလ်ဆီးအသင်းအပါအဝင် အများအပြားရှိနေပါတယ်။

Football London ရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ သူတို့ရဲ့ ဗဟိုခံစစ်မှာ ဒီလစ်နဲ့ ကူလီဗာလီကို တွဲဖက်အသုံးပြုဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ချဲလ်ဆီးအတွက် ရွေးချယ်စရာက နည်းပါးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ လက်ရှိမှာ ဆီဗီလာအသင်းရဲ့ ကစားသမား ဂျူလီကောင်ဒီကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းများနေပြီး ထိုကစားသမားအတွက်လဲ ဘာစီလိုနာအသင်းနဲ့အပြိုင်ကြိုးစားနေရပါတယ်။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းကစားသမား မားကို့စ်အလွန်ဆိုနဲ့ အက်စ်ပီလီကွီတာတို့ကိုလဲ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ လက်ရှိ အသင်းကနေ အန်ဒရီရာ ခရစ်စတီယန် ကို လက်လွတ်ထားရပြီးနောက် ဂျူလီကောင်ဒီကိုလဲ အသင်းထံမခေါ်ယူနိုင်ခဲ့ပဲ ဘာစီလိုနာအသင်းထံ ဆုံးရှုံးလိုက်ရပါက အသင်းပိုင်ရှင်သစ် တော့ဘိုလီ အနေနဲ့ စိတ်ပျက်စရာ အပြောင်းအရွေ့ရာသီအစ ဖြစ်မှာပါ။
#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဒီလစ်ချ် #ကူလီဘာလေ