ရှေ့သို့
Image

အန်ခီတီယာကို ကျောနံပါတ်၁၄ ပေးလိုက်တဲ့အပေါ် ဝေဖန်နေကြသူတွေကို တုံ့ပြန်လိုက်တဲ့ မာဂယ်ဟေးစ်

9:32 AM, 19 June

အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ် မာဂယ်ဟေးစ်က ဂန္တဝင်ကစားသမား အွန်နရီရဲ့ ကျောနံပါတ် ၁၄ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ အန်ခီတီယာအပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ကာ ကာကွယ်ပေးသွားခဲ့ပါတယ်။

အန်ခီတီယာဟာ ဂန်နားတွေနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ကျောနံပါတ် ၁၄ကို ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်အပေါ် ပရိသတ်အချို့က ကျေနပ်ခဲ့ခြင်းမရှိပဲ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ဝေဖန်မှုတွေအပေါ် မာဂယ်ဟေးစ်က “မင်းတို့ ဘယ်လိုတောင် ဝမ်းမသာနိုင်ရတာလဲ။ အိုးမိုင်ဂေါ့ဒ်”လို့ တွစ်တာမှာတင်ကာ တုံ့ပြန်သွားခဲ့ပါတယ်။

အန်ခီတီယာဟာ အာဆင်နယ်ကို ၂၀၁၅ခုနှစ်က လူငယ်ကစားသမားအဖြစ် ရောက်ရှိခဲ့ပြီး အသက်၁၈အရွယ် ၂၀၁၇ခုနှစ်မှာ အသင်းကြီးပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်မှာ ပုံမှန်ထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်၈ပွဲသာ ရခဲပါတယ်။

နည်းပြ အာတီတာကတော့ အင်္ဂလန်သားရဲ့ အနာဂတ်ဟာ ယခုအချိန်မှာ တည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ခြေစွမ်းကောင်းတွေ ထပ်မံပြသနိုင်မယ်လို့ ယုံကြည်နေပါတယ်။

#အာဆင်နယ် #မာဂယ်ဟေးစ် #အန်ခီတီယာ