ရှေ့သို့
Image

ပြီးခဲ့တဲ့ရာသီက ဝေဖန်ခံခဲ့ရပြီးနောက် တန်ဟက်လက်အောက်မှာ သင်ယူပြီး အသားကျအောင်လုပ်မယ့် ဒီဂီယာ

11:00 AM, 18 June

ဒါဟာ The Athletic က ပိုလ်ဘယ်လက်စ်ရဲ့ ပြောဆိုမှုများဖြစ်ပြီး စပိန်နိုင်ငံသားဟာ နယ်သာလန်နိုင်ငံသားရဲ့ ခေတ်သစ်ကစားပုံအောက်မှာ အသားကျအောင် သေချာပေါက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သော်လည်း ဒီဂီယာဟာ ဒီရာသီမှာ လက်စွမ်းကျဆင်းမှုများကြောင့် ဝေဖန်ခြင်းခံနေရတာဖြစ်ပါတယ်။ စပိန်နိုင်ငံသားဟာ လက်ရှိရာသီမှာ အဝေးကန်ချက်တွေရဲ့ ၄၇ % နှုန်းကိုသာ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ထိပ်တန်းဂိုးသမားတွေဖြစ်တဲ့ မန်စီးတီးက ဒီဒါဆင် (၇၂ %) ၊ လီဗာပူးက အလီဆင် (၆၆ %) တို့နှင့်ယှဉ်လိုက်မယ်ဆိုရင်တော့ ကျဆင်းနေတာဖြစ်ပါတယ်။ ကစားပုံစံအသစ်ကို လေ့လာရဖို့ရှီနေပြီး တန်ဟက်ဟာ အသင်းကို ဘောလုံးပေးပိုချိတ်ဆက်မှုပုံစံဖြင့် ဦးဆောင်မှာဖြစ်ကာ အဆိုပါပုံစံကို ဒီဂီယာနှင့် ယူနိုက်တက်ကစားသမားတွေက အကျွမ်းတဝင်မဖြစ်နေတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသားရဲ့ ကစားဟန်က လူငယ်အသင်းကိုချဲ့ထွင်ကစားတာဖြစ်ပြီး ပထမအသင်းက ကစားသမားတွေကို စိတ်အားထက်တန်စေမယ့် ညွှန်ကြားချက်တွေပေးမှာဖြစ်ကာ ကလပ်တစ်ခုလုံးက ပိုပြီးတော့ ထိရောက်မှုရှိလာမှာဖြစ်ပါတယ်။

ယူနိုက်တက်က ဂိုးလေ့ကျင့်ရေးအစီစဉ်အချို့မှာ ဒီဂီယာက စိတ်အားငယ်နေပါတယ်လို့ သတင်းချို့က ဖော်ပြထားပါတယ်။ အထူးသဖြင့် နာမည်ကြီးနည်းပြရောက်လာတဲ့အချိန် သူ့ရဲ့တိုးတက်မှုအတွက်က အကျိုးသက်ရောက်မှုအနည်းငယ်သာရှိနေတာဖြစ်ပါတယ်။

နယ်သာလန်မှာ တန်ဟက်ရှိနေတဲ့အချိန် အိုနားနားဟာ အေဂျက်စ်မှာ လက်စွမ်းပြသလာနိုင်ခဲ့ပါတယ်။
ဒီလစ်နှင့် တင်မ်ဘာတို့ကလည်း သူတို့ရဲ့ထိပ်တန်းအဆင့်ရှိအရည်အချင်းတွေကြောင့် တန်ဟက်ရဲ့အသင်းမှာ ထူးချွန်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီဂီယာရဲ့ ပြီးခဲ့တဲ့လက်စွမ်းတွေက မေးခွန်းထုတ်စရာဖြစ်နေပြီး ဟန်ဒါဆင်ကလည်း ဒီဂီယာရဲ့ ပထမဂိုးသမားနေရာကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ၂၀၂၀-၂၁ ရာသီ ပထမအသင်းနှင့်အတူ ပွဲထွက်ခွင့်ရရှိချိန်မှာ လက်စွမ်းပြသခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆင်ဟာ နော်တင်ဟမ်ဖောရက်စ်သို့ အငှားပြောင်းရွေ့မယ်လို့ သတင်းတွေထွက်နေတာဖြစ်ပြီး ယူနိုက်တက်ကတော့ အပြီးသတ်ဝယ်ယူခွင့်မပါရှိတဲ့ အငှားစာချုပ်ဖြင့် ထွက်ခွာခွင့်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒီဂီယာရဲ့ စာချုပ်ကလည်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ဟန်ဒါဆင်ရဲ့ ပထမအသင်းအနာဂတ်က ရှိနေနိုင်သေးတာဖြစ်ကာ နယ်သာလန်နိုင်ငံသားရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရရှိမယ့် အခွင့်အရေး ရှိလာမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်ရာသီမှာတော့ ဒီဂီယာကသာ နံပါတ် ၁ ဂိုးသမားဖြစ်လာမှာဖြစ်သော်လည်း စပိန်နိုင်ငံသားဟာ တန်ဟက်ရဲ့ကစားကွက်မှာ အသားကျအောင် လုပ်ဆောင်ရအုံးမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အဲရစ်တန်ဟက်ချ်