ရှေ့သို့
Image

ယူနိုက်တက် ကစားသမားကို ခေါ်ယူဖို့ကြိုးစားနေတဲ့ ခရစ္စတယ်ပဲလေ့စ်

10:20 AM, 18 June

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းရဲ့ ခံစစ် ကစားသမားဟောင်း အာရွန်ဝမ်ဘစ်ဆာကာကို အသင်းကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ 90 minရဲ့ အဆိုအရ အင်္ဂလန်သား နောက်ခံကစားသမားဟာ နောက်ရာသီမှာ ဆယ်လ်ဟတ်ပတ်ကို ရောက်ရှိဖို့ အခွင့်အရေးများတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းကို ၂၀၁၉ ခုနှစ်မှာ ပေါင် ၄၉.၅ သန်းနဲ့ ပဲလေ့အသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ခဲ့တာပါ။အသင်းမှာ ပုံမှန် ကစားရတဲ့ ကစားသမားတစ်ယောက်ဖြစ် ခဲ့သော်လည်းပဲ ဘစ်ဆာကာဟာ ပြီးခဲ့တဲ့လတွေမှာ အိုးထရက်ဖို့မှာ ကစားရဖို့ အခွင့်အရေးနည်းပါးသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဟောင်း ရက်ဖ် ရန်းနစ်က ဘစ်ဆာကာရဲ့နေရာမှာ‌ ဒီယေဂို ဒါလော့ကို အဓိကအသုံးပြုခဲ့ပြီး နည်းပြသစ် တန်ဟတ်ကလဲ ကစားသမားကို ပုံမှန်နေရာမှာပြန်လည်အသုံးပြုနိုင်ချေ မရှိပါဘူး။ဒါကြောင့် ယခုနွေရာသီမှာ ကစားသမားဟာ အငှားနဲ့ဖြစ်ဖြစ် အပြီးသတ်ဖြစ်ဖြစ်အသင်းက ပြောင်းရွေ့ဖွယ်ရှိနေတာပါ။

"ယူနိုက်တက်ဟာ သူတို့ရဲ့ ကစားသမားကို အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ ရှိနေပါတယ်။ အသင်းဟောင်း ခရစ်စတယ်ပဲလေ့အသင်းဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအ‌ခြေအနေရှိနေပါတယ်"လို့ 90min မှာဖော်ပြထားပါတယ်။

ကစားသမားကိုတော့ ခရစ္စတယ်ပဲလေ့အသင်းက တစ်နှစ်အငှားနဲ့ ခေါ်ယူဖွယ်ရှိနေပါတယ် ။ ထို့အတူ ပဲလေ့အသင်းဟာ ကစားသမားရဲ့ အေးဂျင့်နဲ့လဲ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူပါ။ ထို့အပြင် ဘစ်ဆာကာ ဟာ ခရစ္စတယ်ပဲလေ့အသင်းမှာ ခြေစွမ်ကောင်းမပြသထားနိုင်ခဲ့လျှင် နည်းပြဗီအဲရာက စာချုပ်သက်တမ်းတိုးမှာမဟုတ်ပါဘူး။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့ #ဝမ်ဘစ်ဆာကာ