ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆုကို တစ်နေ့မှာ မေဆင်မောင့်ရနိုင်တယ်လို့ ချဲလ်ဆီး ကစားသမားဟောင်း ရိုက်ဖီးလစ် ယုံကြည်နေ

10:06 AM, 16 June

ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ရိုက်ဖီးလစ်က မေဆင်မောင့်အနေနဲ့ အခုလက်ရှိပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဘော်လွန်းဒီအော်ဆုရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ စီနီယာအသင်းမှာ လျင်လျင်မြန်မြန်နေရာရနေသလို ချန်ပီယံလိဂ်အရသာကိုလည်း မြည်းစမ်းခွင့်ရရှိထားတာဖြစ်ကာ စီးတီးကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတာဖြစ်ပြီး ကစားသမားဘဝ အချိန်အများကြီးကျန်သေးတဲ့အနေအထားမှာ ရိုက်ဖီးလစ်က မေဆင်မောင့်တစ်ဦးချင်း ဆုတံဆိပ်တွေ ရနိုင်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“မောင့်က ငယ်ရွယ်တဲ့ကစားသမားတစ်ဦးဖြစ်နေတုန်းပါ။ သူ့အနေနဲ့ တည်ငြိမ်အောင်သင်ယူရမယ့်အရာတွေ ရှိနေပါသေးတယ်။ သူကောင်းကောင်းကစားနိုင်ပြီး လက်ရှိချဲလ်ဆီးအသင်း တာဝန်ကို ထမ်းထားရသလို ချန်ပီယံလိဂ်မှာလည်း အောင်မြင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါပေမယ့် လူတွေအနေနဲ့ သိထားရမှာက သူဟာ ငယ်ရွယ်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး သင်ယူရမှာတွေရှိနေဆဲပါ။ ချဲလ်ဆီးအနေနဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိနေတာက မေဆင်မောင့်က တစ်နည်းနည်းနဲ့ပါဝင်ပတ်သက်နေတာပါ။ သူတစ်နေ့မှာ ဘော်လွန်းဒီအော်ဆု မရနိုင်စရာ ဘာအကြောင်းမှမရှိပါဘူး”လို့ ရိုက်ဖီးလစ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့် #ရိုက်ဖီးလစ်