ရှေ့သို့
Image

မာကွင်ဟို့စ်တစ်ယောက် အာဆင်နယ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်လာမယ်လို့ အီဒူ အတည်ပြု

12:43 PM, 15 June

အာဆင်နယ်အသင်းဟာ ဆော်ပေါ်လိုစတား မာကွင်ဟို့စ်ကို အပြီးသတ်ခေါ်ယူနိုင်လိုက်ပြီဖြစ်ကာ အသင်းနည်းစနစ်ဒါရိုက်တာ အီဒူက မာကွင်ဟို့စ်တစ်ယောက် အသင်းရဲ့ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်လာမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ အသက် ၁၉ နှစ်သားကို ခေါ်ယူနိုင်ခဲ့တာက ရက်သတ္တပတ်တော်တော်ကြာနေပြီဖြစ်ကာ ဝုဗ်အသင်းက တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ မာကွင်ဟို့စ်ဟာ မကြာခင်မှာစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဝုဗ်အသင်းက ခေါ်ယူဖို့ အကြိုသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ကာ အခုချိန်မှာ အာဆင်နယ်က ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက် ကစားသမားလေးဟာ အာဆင်နယ်ကို ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆော်ပေါ်လို အသင်းထံကနေ အာဆင်နယ်က ပြောင်းရွှေ့ကြေးပေးပြီး ကာလရှည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အီဒူကတော့ ဘရာဇီးလ်သားကို အနာဂတ်အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး အခုလည်း အာတီတာက ရာသီကြိုခြေစမ်းပွဲမှာ အခွင့်အရေးပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“ဆော်ပေါ်လိုကနေ သူ့ကိုခေါ်ယူနိုင်လိုက်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ မာကွင်ဟို့စ်ကို ကျွန်တော်တို့ စောင့်ကြည့်ဖြစ်တာကြာပါပြီ။ အသက်က ၁၉ နှစ်ပဲရှိသေးတာဖြစ်ပြီး ငယ်ရွယ်တုန်းပဲရှိပါသေးတယ်။ သူ့မှာအနာဂတ်အများကြီးရှိနေပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာ သူပါပါဝင်လာမှာပါ။ ကျွန်တော်တို့နဲ့အတူ ဆက်လက်ပြီး တိုးတက်စေချင်ပါတယ်”လို့ အီဒူက ပြောကြားခဲ့ပါတယ်။

မာကွင်ဟို့စ်ဟာ ဆော်ပေါ်လိုစီနီယာအသင်းအတွက် ပြီးခဲ့တဲ့ရာသီတုန်းက ၃၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ ဘရာဇီးလ်ယူ - ၁၇ အသင်းမှာလည်း ပါဝင်ကစားနေပါတယ်။ မာကွင်ဟို့စ်တစ်ယောက် ရာသီကြိုခြေစမ်းပွဲမှာ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံရဖွယ်ရှိနေကာ ပထမဆုံးပွဲအဖြစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမေရိကမြေမှာ အော်လန်ဒိုစီးတီး ၊ ချဲလ်ဆီးတို့နဲ့ကစားမှာဖြစ်ပြီး အဲ့နောက် အမ်းမရိတ်ဖလားပွဲကို ဇူလိုင်လအကုန်မှာကစားမှာဖြစ်ပါတယ်။ အာတီတာက တိုက်စစ်မှူးတစ်ဦး ၊ ကွင်းလယ်လူ ၂ ဦး နဲ့ နောက်ခံလူ ၂ ဦးအဖြစ် တီယာနေး နဲ့ တိုမီယာဆုတို့အရန်အဖြစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

#အီဒူး #အာဆင်နယ် #မာကွင်ဟို့စ် #ခြေစမ်းပွဲ