ရှေ့သို့
Image

ဘန်လေ အသင်းနည်းပြ အလုပ်ကို ဘာကြောင့်လက်ခံရလဲဆိုတာကို ရှင်းပြလိုက်တဲ့ ကွန်ပနီ

11:44 AM, 15 June

မန်စီးတီး ဂန္ထဝင် ဗင်းဆင့်ကွန်ပနီက တန်းဆင်းခဲ့ရတဲ့ ဘန်လေအသင်းရဲ့နည်းပြ နေရာကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားလိုက်ပါတယ်။ ကွန်ပနီဟာ စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၄ ကြိမ် ၊ ကာရာဘောင်ဖလား ၄ ကြိမ် နဲ့ အက်ဖ်အေဖလား ၂ ကြိမ်ရယူထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

၂၀၂၀ တုန်းက အနားယူခဲ့ပြီးနောက် ကွန်ပနီဟာ ၂၀၂၀ နွေရာသီမှာ အန်ဒါလက်ချ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပထမရာသီမှာပဲ အသင်းကို အဆင့် ၄ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကွန်ပနီလက်အောက်မှာ ပြီးခဲ့တဲ့ရာသီတုန်းက အန်ဒါလက်ချ်ကို အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ဘယ်လ်ဂျီယံဖလားဖိုင်နယ်ကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

စီးတီးအတွက် ပွဲပေါင်း ၃၅၀ ကျော်ပါဝင်ကစားပေးခဲ့ပြီး ကွန်ပနီဟာ နိုင်ငံအသင်းအတွက် ၈၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ ဘယ်လ်ဂျီယံအသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

“ဘန်လေက အင်္ဂလန်ရဲ့သမိုင်းဝင်အသင်း တစ်သင်းပါ။ ဒီအသင်းရဲ့နည်းပြဖြစ်ခွင့်ရဖို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒီအသင်းကစားသမားတွေ နဲ့ အလုပ်တွဲလုပ်ချင်နေပါပြီ။ အသင်းကို အောင်မြင်တဲ့ အနေအထားမျိုးဖြစ်အောင် ကျွန်တော် စွမ်းဆောင်ပေးချင်ပါတယ်။ဘုတ်အဖွဲ့ရဲ့အမြင်စူးရှမှုကို ကျွန်တော်သဘောကျပါတယ်။ လာမယ့်ရာသီက ကျွန်တော့်အတွက် အရမ်းအရေးပါလာမှာပါ”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

ကွန်ပနီဟာ တန်းမဆင်းခင် ပရီးမီးယားလိဂ်မှာ ၆ နှစ်ကြာကျင်လည်ခဲ့တဲ့အသင်းမျိုးကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။

“ကွန်ပနီကို ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ဗင်းဆင့်က တကယ့်ကို ခေါင်းဆောာင်ကောင်းတစ်ဦး ဖြစ်ပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်ရောက်နိုင်ဖို့ အာရုံစိုက်သွားမှာပါ။ အန်ဒါလက်ချ်မှာ သူအကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်”လို့ ဘန်လေအမှုဆောင် အလန်ပေ့စ်က ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဘန်လေ #ကွန်ပနီ