ရှေ့သို့
Image

LAFC အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဂျူဗင်တပ်စ်စတား ချီရယ်လီနီ အတည်ပြု

1:57 PM, 14 June

ဂျူဗင်တပ်စ်နဲ့ အီတလီစတား ချီရယ်လီနီဟာ LAFC အသင်းထံပြောင်းရွှေ့တော့မယ်လို့ တနလာၤနေ့က အသင်းဘက်က ပြောကြားလိုက်ပါတယ်။ ချီရယ်လီနီဟာ ၂၀၂၃ အထိ စာချုပ် ချုပ်ဆိုမှာဖြစ်ကာ နွေရာသီ အပြောင်းအရွှေ့မှာ LAFC အသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

“ကျွန်တော် ကစားသမားဘဝသစ်ကို စရတော့မှာဖြစ်လို့ ခံစားချက်အရမ်းကောင်းနေပါတယ်။ ဒီအခွင့်အရေးပေးခဲ့တဲ့ LAFC ကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်းများစွာကစားခွင့်ပေးခဲ့တဲ့ ဂျူဗင်တပ်စ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အယ်လ်အေအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ချီရယ်လီနီက ပြောကြားခဲ့ပါတယ်။

အမှုဆောင်မန်နေဂျာ ဂျွန်သော်ရင်တန်ကလည်း ဘုတ်အဖွဲ့အနေနဲ့ ချီရယ်လီနီကို ခေါ်ယူဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်သူ့လိုကစားသမားမျိုးခေါ်ယူဖို့ မစဉ်းစားခဲ့ပါဘူး။ သူက တကယ့်ထိပ်တန်းကစားသမားပါ။ ပြီးတော့ သူ့လိုကစားသမားမျိုးနောက်ထပ် မရှိတော့ဘူးလို့လည်း ထင်ပါတယ်”လို့ သော်ရင်တန်က ပြောကြားခဲ့ပါတယ်။

ချီရယ်လီနီဟာ ၂၀၀၄ ခုနှစ်တုန်းက လီဗော်နိုအသင်းကနေ ဂျူဗင်တပ်စ်ကိုပြောင်းလာခဲ့တာဖြစ်ပြီး  တူရင်မှာ ကစားခဲ့တဲ့ကာလအတွင်း လိဂ်ဖလား ၉ ကြိမ်နဲ့ အီတလီဖလား ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အသင်းသမိုင်းတစ်လျှောက် ပွဲထွက်ခွင့်တတိယအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

အီတလီအတွက် ၁၁၇ ပွဲ အထိ ပါဝင်ကစားပေးခဲ့တဲ့ ချီရယ်လီနီဟာ ဇွန်လ ၁ ရက်နေ့က နောက်ဆုံး ပွဲအဖြစ် အာဂျင်တီးနားနဲ့ပွဲမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

#အီတလီ #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ချီရယ်လီနီ