ရှေ့သို့
Image

လူငယ်ကစားသမားတွေကို အခွင့်အရေးပေးခဲ့ပြီးနောက် အီတလီရဲ့ အနာဂတ်အပေါ် စိတ်လှုပ်ရှားနေတဲ့ မန်စီနီ

1:34 PM, 14 June

ရောဘတ်တို မန်စီနီက နေးရှင်းလိဂ်ပွဲစဉ်တစ်လျောက် လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးခဲ့ပြီးနောက် အီတလီအသင်းရဲ့ အနာဂတ်အပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောခဲ့ပါတယ်။

အီတလီအသင်းဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးခဲ့ပြီးနောက် ယခုနှစ်ပြိုင်ပွဲကို လွဲချော်ခဲ့သလို ဖိုင်နယ်လစ္စမာပွဲမှာလည်း အာဂျင်တီးနားကို ၃ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ယူရို၂၀၂၀ဆုဖလား ဆွတ်ခူးခဲ့ပြီးနောက် စီးရီးအေနည်းပြတွေက လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးနေမှုအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

မန်စီနီကလည်း လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့် တောက်လျောက် ပေးလာခဲ့ကာ ဖရက်တက်စီ၊ ဂတ်တီ၊ ဆကာမက်ကာ တို့ ပါဝင်ခွင့်ရနေတာကို မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလည်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ဂျာမနီ၊ အင်္ဂလန်နဲ့ ဟန်ဂေရီတို့ပါတဲ့ အုပ်စုမှာ ဇယားထိပ် ရပ်တည်နိုင်ခဲ့ပါတယ်။

မန်စီနီက “အနာဂတ်ကောင်းတွေရှိတဲ့ ကစားသမားအချို့ကို ကျွန်တော် မြင်ခဲ့ပါတယ်။ ဒီနိုင်ငံအသင်းရဲ့ အဆင့်အတန်းက အလွန်မြင့်မားပါတယ်။ ကစားသမားတွေက ပွဲထွက်ခွင့်ရဖို့ လိုတယ်လို့ ထင်ပါတယ်” “ကျွန်တော့်ကို ပွဲထွက်ခွင့်ပေးတုန်းက ၁၉၈၁ခုနှစ်မှာ ဖြစ်ပါတယ်။ အဲ့ဒါက စီးရီအေမှာ မဟုတ်ပဲ နှစ်သစ်ပြိုင်ပွဲမှာပါ။ သူတို့ ကျွန်တော့်ကို ဘောလုံးစပေးတဲ့အခါ ဘောလုံးမထိန်းနိုင်ခဲ့ပါဘူး။ လူငယ်ကစားသမားအတွက် အဲ့ဒါက မလွယ်ကူပါဘူး။ ယုံကြည်မှုအပြည်နဲ့ စွမ်းဆောင်ရည်ကောင်း မပြနိုင်ရင်တောင် ထည့်သုံးသင့်ပါတယ်” “အဲ့ဒါက အရေးပါတဲ့ အရာဖြစ်နိုင်ပါတယ်။ သူတို့ကို ကစားသမားတွေနဲ့ နီးနီးကပ်ကပ် ပိုထိတွေ့စေဖို့ပါ။ သူတို့နဲ့ ၃ရက်ကြာ တွေ့ခဲ့ရတာက အသင့်ဖြစ်အောင် ဘာတွေလုပ်ထားရမယ်ဆိုတာကို နားလည်သွားစေပါတယ်”လို့ ပြောခဲ့ပါတယ်။

#အီတလီ #နေးရှင်းလိဂ် #မန်စီနီ