ရှေ့သို့
Image

ဒါဝင်နူနက်ဇ်အား လက်လွှတ်ခဲ့ရပြီးနောက် ရိုးမား တိုက်စစ်မှုး အေဘရာဟမ်ကို ခေါ်ယူသွားနိုင်တဲ့ ယူနိုက်တက်

10:26 AM, 14 June

ယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် နူနက်ဇ်အတွက် လီဗာပူးထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုပေးနိုင်ဖို့ ပြင်ဆင်နေသော်လည်း ကစားသမားကိုယ်တိုင်က အန်ဖီးလ်သို့သာ ပြောင်းရွေ့လိုနေတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ နူနက်ဇ်အတွက် ဘင်ဖီကာနှင့် သဘောတူညီနှင့် ရရှိခဲ့ပြီဖြစ်ပြီး ကလပ်ရဲ့ ပြောင်းရွေ့ကြေး အမြင့်ဆုံးအဖြစ် ပေါင် ၈၅ သန်း ပေးကာ ခေါ်ယူမှာဖြစ်ပါတယ်။ ကစားသမားဟာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ဖြင့် လီဗာပူးနှင့် ၆နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေနဲ့ အကြီးအကဲတွေကတော့ တိုးတက်မှုအခြေအနေတွေကို စိတ်ပျက်နေကြတာဖြစ်ပြီး နောက်ထပ် အစီစဉ်တစ်ခုကို လုပ်ဆောင်ဖို့ မျှော်လင့်နေကြပါတယ်။ ယူနိုက်တက်ဟာ ချဲလ်ဆီးကစားသမားဟောင်း အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် စဉ်းစားလာနိုင်ပါတယ်လို့ ဘောလုံးဂျာနယ်စစ် အဲလက်စကော့ခ်က ပြောဆိုထားပါတယ်။

"သူတို့တွေက ရိုးမားက တိုက်စစ်မှုး အေဘရာဟမ်ကို ခေါ်ယူဖို့ ကြိုးစားကောင်း ကြိုးစားလာနိုင်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဇန်နဝါရီမှာ ယူနိုက်တက် စောင့်ကြည့်ခဲ့တဲ့ ကစားသမားဖြစ်မယ်လို့ ထင်မိပါတယ်""အပေါ်မှာ ပြောထားသလိုပဲ အေဘရာဟမ်နှင့် အင်တာဗျူးမှာလည်း သူက အီတလီမှာ အသားကျနေသော်လည်း ရိုးမားဟာလည်း ချန်ပီယံလိဂ်မှာမဟုတ်သလို ယူနိုက်တက်ကလည်း ဝင်ခွင့်မရရှိထားပါဘူး"

"သူက ပရီးမီးယားလိဂ်သို့ ပြန်လာချင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ထပ်မေးခွန်းမေးချင်ကတော့ ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ လုံလောက်တဲ့ စိတ်ဝင်စားမှုရှိနေသလားဆိုတာပါပဲ" လို့ သူက ပြောပါတယ်။

အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးကနေ ရိုးမားသို့ ပြောင်းရွေ့ကြေး ပေါင် ၃၄ သန်းဖြင့် ပြောင်းရွေ့လာခဲ့သူဖြစ်ပါတယ်။ အီတလီရှိ သူ့ရဲ့ပထမဆုံးရာသီမှာ ၅၂ ပွဲအထိ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ ကွန်းဖရန့်စ်လိဂ်ရရှိခဲ့မှုတွင်လည်း အဓိက နေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ အီတလီမှာ အသားကျနေပုံရသော်လည်း ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ကစားသမားကသာ ဆန္ဒရှိမယ်ဆိုရင် အင်္ဂလန်သို့ ပြန်ဖို့ မီးစမ်းပြထားတာဖြစ်ပါတယ်။

အရင်က သူဟာ အာဆင်နယ်သို့ ပြောင်းရွေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်သော်လည်း ဂန်နားတွေကတော့ မန်စီးတီးက ဂျီးဆပ်ကိုသာ ခေါ်ယူဖို့ ဦးစားပေးနေပါတယ်။ ယူနိုက်တက် နည်းပြသစ် တန်ဟက်ကတော့ စာချုပ်သက်တမ်းကုန်မှာ အသင်းကနေထွက်ခွာမယ့် ကာဗာနီရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှုးသစ် ရှာဖွေနေတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသားနည်းပြဟာ လက်ရှိယူနိုက်တက်အသင်းကို ပြန်လည်ပြင်ဆင်လိုနေတာဖြစ်ပြီး အေဘရာဟမ်ရဲ့ ဂိုးသွင်းကောင်းတဲ့ စွမ်းရည်တွေကြောင့် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

#ရိုးမား #မန်ချက်စတာယူနိုက်တက် #အေဘရာဟမ် #ဒါဝင်နူနက်ဇ်