ရှေ့သို့
Image

ဒိန်းမတ် အနိုင်ရခဲ့ပြီး ပြင်သစ် ရှုံးပွဲတွေ့ခဲ့တဲ့ ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေအပြီး သုံးသပ်ချက်

8:47 AM, 14 June

ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားခဲ့ရာမှာ ဒိန်းမတ်က ဩစတြီးယားကို ၂ဂိုးပြတ် အနိုင်ရခဲ့ပြီး ပြင်သစ်က အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒိန်းမတ်တို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာ ဂျိုးနက်စ်ဝင်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ ၃၇မိနစ်မှာ အိုလ်ဆင်က ဒုတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဩစတြီးယားက ဘောလုံးကိုင်ပြီး ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒိန်းမတ်ခံစစ်ကို မကျော်နိုင်ခဲ့ပဲ ၂ဂိုးပြတ် ရှုံးခဲ့ရပါတယ်။ ပြင်သစ်တို့ ၂၀၁၈ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး တစ်ကျော့ပြန်ပွဲအဖြစ် ခရိုအေးရှားကို အိမ်ကွင်းမှာ ဧည့်ခံခဲ့ရာမှာ ၁-၀ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာတင် ကိုနာတေး ဘုဒ်မာကို လူချကစားတယ်ဆိုပြီး ခရိုအေးရှားကို ပင်နယ်တီ ပေးခဲ့တာကြောင့် အိမ်ကွင်းပရိသတ်တွေ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ ပင်နယ်တီ ကန်သွင်းရာမှာ မိုဒရစ်က အပိုင်ကန်သွင်းပြီး ခရိုအေးရှားအတွက် ၁လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပြင်သစ်က ချေပဂိုးရရေး ပြန်လည်ထိုးဖောက် ကစားခဲ့ပေမဲ့ ဂိုးမရခဲ့တာကြောင့် အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ လိဂ်B အုပ်စု၂ ပွဲစဉ်မှာ အိုက်စလန်နဲ့ အစ္စရေးတို့ ကစားခဲ့ရာမှာ ၂ဂိုးစီ သရေကျခဲ့ပါတယ်။ လိဂ်C အုပ်စု၃ ပွဲစဉ်တွေမှာ ကာဇက်စတန်က ဆလိုဗက်ကီးယားကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပြီး အဇာဘိုင်ဂျန်က ဘီလာရုဇ်ကို ၂ဂိုးပြတ် နိုင်ခဲ့ပါတယ်။

#ဒိန်းမတ် #သြစတြီးယား #နေးရှင်းလိဂ်