ရှေ့သို့
Image

ပီရူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ဩစတြေးလျ

8:37 AM, 14 June

ဩစတြေးလျ အသင်းဟာ ယမန်နေ့ည ပီရူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ပြီးနောက် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ ခြေစစ်ပွဲ ပလေးအော့ဖ်မှာ ယူအေအီးကို အနိုင်ယူခဲ့ပြီးနောက် ဩစတြေးလျတို့ ပီရူးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

တောင်အမေရိကဇုန် ခြေစစ်ပွဲအုပ်စုအဆင့်မှာ အဆင့်၅နေရာ ရရှိခဲ့ပြီးနောက် ပီရူးဟာ ကမ္ဘာ့ဖလားကို ၂ကြိမ်ဆက် ဝင်ခွင့်ရဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမဲ့ အသင်းငယ်လို့ ထင်ရတဲ့ ဩစတြေးလျကသာ အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ၅ကြိမ်ဆက် ဝင်ခွင့်ရသွားခဲ့ပါတယ်။

ကာတာမှာ ကစားခဲ့တဲ့ပွဲစဉ်က မိနစ် ၁၂၀ကျော် ကစားခဲ့တာတောင် ဂိုးမရှိသရေဖြစ်နေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရပါတယ်။ ဘွိုင်လီက ဩစတြေးလျအတွက် ပထမကန်သွင်းမှုကို လွဲချော်ခဲ့ပေမဲ့ ဂိုးသမား ရက်မိုင်းရဲ့ လက်စွမ်းပြမှုနဲ့အတူ ဩစတြေးလျတို့ ပင်နယ်တီမှာ ၅-၄ဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားဝင်ခွင့်ရသွားခဲ့ပါတယ်။

#ပီရူး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဩစတြေးလျ