ရှေ့သို့
Image

ချက်ကို အနိုင်ယူကာ ၂ပွဲဆက် အနိုင်ရခဲ့တဲ့ စပိန်၊ ရော်နယ်ဒိုမပါတဲ့ ပေါ်တူဂီ ရှုံးပွဲတွေ့

9:12 AM, 13 June

ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားခဲ့ရာမှာ စပိန်က ၂ပွဲဆက် နိုင်ခဲ့ပြီး ပေါ်တူဂီကတော့ အဝေးကွင်းမှာ ဆွစ်ဇာလန်ကို ရှုံးခဲ့ပါတယ်။ ချက်နဲ့ စပိန်တို့ရဲ့ ပွဲစဉ်မှာ ချက်က ပွဲအစပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အခွင့်အရေး ၂ကြိမ်လောက်ကို စပိန်ဂိုးသမား အူနိုင်း ဆိုင်မွန် ကာကွယ်နိုင်ခဲ့လို့ မိနစ်၂၀အတွင်း ၂ဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်။

ဘီလ်ဘာအို ဂိုးသမားအအနေနဲ့ ချက်ရဲ့ အခွင့်အရေးတွေကို ကာကွယ်ခဲ့ပြီးနောက် စပိန်တို့ ကစားပုံ ပြန်ကောင်းလာကာ အဆန်စီယိုရဲ့ ချပေးမှုကနေ ၂၄မိနစ်မှာ ဆိုလာက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ စပိန်တို့ ပွဲကို အဆုံးသတ်ဖို့ အတော်ကြိုးစားလိုက်ရပြီး ၇၅မိနစ် ရောက်မှ ဂါဗီ၊ အိုလ်မို၊ ဖာရန် တောရက်စ်တို့ရဲ့ ကြိုးစားအားထုတ်မှုကနေ ဆာရာဘီယာက ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။

ဆွစ်ဇာလန်ကတော့ ပထမအကျော့က ဂိုးပြတ် အရှုံးကို အိမ်ကွင်မှာ ပေါ်တူဂီကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်တို့ ပွဲစတာနဲ့ ဦးဆောင်ဂိုးရခဲ့ပြီး ဆီဖာရိုဗစ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုးဟာ နေးရှင်းလိဂ် သမိုင်းတစ်လျောက် အမြန်ဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီဟာ ရော်နယ်ဒို မပါတဲ့ အခြေအနေမှာ ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ဘာနာဒို ဆေးလ်ဗားနဲ့ ဂျိုတာ ဝင်လာမှ ပြန်ကောင်းသွားခဲ့ပါတယ်။ အဆိုပါ ကစားသမား၂ဦးကြောင့် ပေါ်တူဂီ ကစားပုံတက်လာကာ အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဆွစ်ဂိုးသမား အွမ်လင်းကိုတော့ မကျော်နိုင်ခဲ့ပါဘူး။

ပွဲပြီးခါနီးမှာ ဝါရင့်နောက်ခံလူ ပီပီ အခွင့်အရေးရခဲ့ပေမဲ့ ဆွစ်ဇာလန်က အကောင်းဆုံး တားဆီးသွားကာ နေးရှင်းလိဂ်မှာ  ပထမဆုံးနိုင်ပွဲ ရယူသွားခဲ့ပါတယ်။ လိဂ်Bပွဲစဉ်တွေမှာ ဆလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ ၂ဂိုးစီ သရေကျခဲ့ပြီး ဂရိက ကိုဆိုဗိုကို ၂ဂိုးပြတ် နိုင်ခဲ့ပါတယ်။ လိဂ်Cပွဲစဉ်မှာ မော်လ်တာက ဆန်မာရီနိုကို အိမ်ကွင်းမှာ ၁ဂိုးတည်းနဲ့ ကပ်နိုင်သွားခဲ့ပါတယ်။

#စပိန် #ပေါ်တူဂီ #နေးရှင်းလိဂ် #ချက်ဇ်