ယနေ့ည ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ရော်နယ်ဒို ပါဝင်မှာမဟုတ်ဘူးလို့ ပေါ်တူဂီနည်းပြ အတည်ပြု
9:33 AM, 12 June
စူပါစတားတိုက်စစ်မှူး
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယနေ့ည ဆွစ်ဇာလန်ကို သွားမယ့် ပေါ်တူဂီအသင်း လူစာရင်းမှာ
ပါဝင်မှာ မဟုတ်ဘူးလို့ နည်းပြ ဖာနန်ဒို ဆန်းတို့စ်က အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟာ
ဆွစ်ဇာလန်ကို အိမ်ကွင်းမှာ ကစားခဲ့စဉ်က ၂ဂိုးသွင်းခဲ့ပေမဲ့ ယနေ့ည ဂျီနီဗာမှာ ကစားမယ့်ပွဲမှာတော့
ပါဝင်မှာ မဟုတ်ပါဘူး။
ကံကောင်းတာတစ်ခုကတော့
ရော်နယ်ဒိုတစ်ယောက် ဒဏ်ရာရတာ မဟုတ်ဘူးလို့ ဆန်းတို့စ်က ပြောခဲ့တာဖြစ်ပြီး ဂွါရဲရိုး၊
မော်တင်ဟိုတို့နဲ့အတူ အနားပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။
ဆန်းတို့စ်က
“သူ ကြံ့ခိုင်မှုပိုင်းအရ ဘာပြဿနာမှ မရှိပါဘူး။ ဒါကပုံမှန် စီမံမှုတစ်ခုပါပဲ။ ကျွန်တော်တို့
ကစားသမား ၂၃ယောက်ပဲ သုံးလို့ရချိန် ၂၆ယောက် ခေါ်သွားတာက အဓိပ္ပါယ်မရှိပါဘူး။ ဒါကြောင့်
ဒီကစားသမားတွေကို ချန်ထားခဲ့တာပါ။ ဒါပါပဲ”လို့ ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ
လိဂ် A အုပ်စု ၂ရဲ့ဇယားထိပ်မှာ ဦးဆောင်နေပြီး စပိန်နဲ့သာ ၁ပွဲသာ သရေကျကာ ကျန်တဲ့ ၂ပွဲကို
နိုင်ထားပါတယ်။