ရှေ့သို့
Image

လိဒ်‌ တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့စဉ်းစားလာတဲ့ အာဆင်နယ်

11:01 AM, 11 June

တယ်လီဂရပ် သတင်းအရ လိဒ်ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ အသင်းထဲမှာ အာဆင်နယ်အသင်းလဲ ပါဝင်လာတယ်လို့ သိရပါတယ်။ ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ လိဒ်ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးတောင်ပံကစားသမား တစ်ယောက်အဖြစ် ရှိခဲ့ပြီး လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ အသင်းက ထွက်ခွာနိုင်ချေလဲ ရှိနေပါတယ်။

ဘာစီလိုနာအသင်းကတော့ ကစားသမားကို ခေါ်ယူချင်နေပြီး သူတို့အသင်းရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲက ပြဿနာရှိပြီး ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူရမှာပါ။ ယူရိုပါလိဂ်ဝင်ခွင့်ရထားတဲ့ အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ နဲ့ အသင်းမှာကစားသမားအင်အားတောင့်တင်းဖို့အတွက် ကစားသမားဖြည့်တင်းဖို့ ပြင်ဆင်လာပြီး ရာဖင်ဟာကတော့ သူတို့ရဲ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ ရာဖင်ဟာကို တရားဝင် ကမ်းလှမ်းထားရခြင်း မရှိသေးပါဘူး။ ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားကို ဇန်နဝါရီ အပြောင်း‌အရွေ့တုန်းက ကမ်းလှမ်းထားခဲ့ဖူးပါတယ်။ ရာဖင်ဟာ ဟာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် လိဒ်အသင်းမှာတော့ ကစားသမားဟာ ညာတောင်ပံမှာ အသုံးပြုခံရတာများပါတယ်။ နီကိုလက်စ် ပီပီသာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် အကယ်၍ သူသာထွက်ခွာခဲ့လျှင် ရာဖင်ညာလို ကစားသမားက အာဆင်နယ်ရဲ့ တိုက်စစ်မှာ နေရာတော်တော်များများ ပါဝင်ပံ့ပိုးမှု ပေးနိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ရာဖင်ဟာက လိဒ်ယူနိုက်တက်အသင်းထံကို ရမ်နက်စ်အသင်းကနေ ၂၀၂၀ ခုနှစ်မှာ ပြောင်းရွေ့ကြေး ပေါင် ၁၇ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ သူဟာလိဒ်အသင်းအတွက် ဒီရာသီမှာ ၃၅ ပွဲ ပါဝင်ကစားပေးထားပြီး ၁၁ ဂိုးသွင်းယူပေးခဲ့ကာ အသင်းတန်းမဆင်းရရေးအတွက် အဓိက စွမ်း‌ဆောင်ပေးခဲ့သူပါ။ ဘရာဇီးသားတစ်ယောက်ဖြစ်တဲ့ ရာဖင်ဟာ ဟာ အာဆင်နယ် ကစားသမား  မာတီနယ်လီ ၊နည်းစနစ် ဒါရိုက်တာ အီဒူးတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလဲ ဖြစ်ပါတယ်။ သူ့ကို ဘာစီလိုနာ နဲ့ ချဲလ်ဆီး ကွင်းလယ်ကစားသမား ဒီကိုနဲ့လဲ နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိပါတယ်။

ရာဖင်ဟာ ဟာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်နဲ့ အငယ်တန်းအသင်းဖြစ်တဲ့ အာဗီ အသင်းမှာ အသင်းဖော်တွေလဲ ဖြစ်ခဲ့ဖူးပါတယ်။ အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွေ့ရဲ့ ဦးစားပေးခေါ်ယူချင်တဲ့ ကစားသမားတွေကတော့ မန်စီးတီး တိုက်စစ်ကစားသမား ဂျေးဆပ်နဲ့ လက်စတာကွင်းလယ်ကစားသမား တိုင်လေမန်းစ်တို့ပဲ ဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်ကစားသမား ဇင်ချန်ကို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလဲ ရှိပေမယ့် လက်ရှိဦးစားပေးကစားသမားတွေလောက်တော့ ကြိုးစားခြင်းမရှိပါဘူး။

အာဆင်နယ်အသင်းဟာ အန်ကီးတီးယားရဲ့ စာချုပ်သစ်အတွက် ပြီးဆုံးဖို့ ပြုလုပ်နေတာရှိပြီး မာချင်ဟိုစ်ကိုလဲ ပြောင်းရွေ့ကြေးပေါင် ၃သန်း နဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။ ကစားသမားဟာ အသင်းကြီးမှာ ကစားရဖို့ မသေချာပေမယ့် အရည်အ‌သွေးပြည့်ဝတဲ့ လူငယ်ကစားသမား ဖြစ်ပါတယ်။

#အာဆင်နယ် #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ရာဖင်ဟာ