စာချုပ်သစ်အတွက် အန်ကီတီယာနဲ့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်တဲ့ အာဆင်နယ်
10:25 AM, 11 June
အာဆင်နယ်အသင်းဟာ လူငယ်တိုက်စစ်မှူး အန်ကီတီယာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆက်လက်ဆွေးနွေးနေဆဲလို့ သိရပါတယ်။
အန်ကီတီယာရဲ့စာချုပ်သက်တမ်းက အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၂၃ နှစ်သားကို ခရစ္စတယ်ပဲလေ့စ်အသင်းက ချိတ်ဆက်နေပါတယ်။ အာဆင်နယ်ဟာ သောကြာနေ့တုန်းက အသင်းမှာဆက်ရှိနေမယ့်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အန်ကီတီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အန်ကီတီယာဟာ ၂၀၁၉ - ၂၀ တုန်းက လိဒ်ယူနိုက်တက်မှာ အငှားထွက်ကစားခဲ့သေးတာဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက သူဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပေမယ့် လာကာဇက်တီမရှိတော့တဲ့အနေအထားမှာ အာဆင်နယ်က ဆက်ထိန်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။