ရှေ့သို့
Image

လူးဝစ်ကမ်ပို့စ်ကို အားကစားဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်လိုက်တဲ့ ပီအက်စ်ဂျီ

9:53 AM, 11 June

ပီအက်စ်ဂျီအသင်းဟာ အားကစားဆိုင်ရာအကြံပေးအဖြစ် လူးဝမ်ကမ်ပို့စ်ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ လီဂူးဝမ်းချန်ပီယံက မိုနာကို နဲ့ လိုင်လီအသင်းတွေမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကမ်ပို့စ်ကို ခန့်အပ်လိုက်တာဖြစ်ပြီး သောကြာနေ့က ရောက်ရှိလာတယ်လို့ အတည်ပြုခဲ့ပါတယ်။

လီယိုနာဒိုရဲ့ ထွက်ခွာမှုကို ပီအက်စ်ဂျီဘက်က တရားဝင်မကြေညာသေးပေမယ့် ကမ်ပို့စ်က အားကစားဆိုင်ရာအကြံပေးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီက ကမ်ပို့စ်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း ၊ လူသစ်စုဆောင်းမှု နဲ့ စုစည်းမှုစတာတွေကို အကောင်းဆုံးကိုင်တွယ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော် ပီအက်စ်ဂျီကို ပြောင်းလာရလို့ အရမ်းဝမ်းသာမိပါတယ်။ ဒီအသင်းက ကမ္ဘာ့ဘောလုံး လောကရဲ့ထိပ်တန်း အသင်း တစ်သင်းဖြစ်ပြီး ရည်မှန်းချက်ကြီးတဲ့အသင်းပါ။ ကျွန်တော် ဒီအသင်းကို သန်မာအောင်နဲ့ အသင်းရဲ့အမြင်ကိုဖွင့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရာသီစဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ကမ်ပို့စ်က ပြောကြားခဲ့ပါတယ်။

အသက်  ၅၇ နှစ်သားရောက်ရှိလာမှုနဲ့အတူ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုရဲ့အနာဂတ်ကလည်း မသေချာတဲ့အနေအထားရောက်လာပါတယ်။ ဇီဒန်းဟာ ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #လူးဝစ်ကမ်ပို့စ်