ရှေ့သို့
Image

ဂမ်ဒိုဂန်ကို ဆက်သွယ်စုံစမ်းခဲ့ကြတဲ့ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ

4:18 PM, 10 June

ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ဟာ မန်စီးတီးကနေ ဒီနွေရာသီမှာ ထွက်ခွာဖို့ရှိနေတဲ့ ကွင်းလယ်လူ အစ်ကေး ဂမ်ဒိုဂန်ကို အနီးကပ် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ၃၁ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူဟာ နည်းပြပက်ဂွာဒီယိုလာရဲ့ ဒီရာသီလူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပွဲ ၂၀ သာ ကစားခွင့် ရခဲ့တာကြောင့် မပျော်မရွှင် ဖြစ်နေပြီး စာချုပ်သက်တမ်း ၁ နှစ် အလိုမှာ အသင်းကနေ ထွက်ဖို့စဉ်းစားလျက်ရှိပါတယ်။ သတင်းတွေအရတော့ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့က  ဂမ်ဒိုဂန်ရဲ့ မန်စီးတီးက အခြေအနေကို စောင့်ကြည့်နေပြီး နွေရာသီမှာ ခေါ်ယူဖို့ဖြစ်မဖြစ်ကို စုံစမ်းခဲ့ပါတယ်။ ဂျာမနီသားဟာ အတွေ့အကြုံများစွားရှိသလို ကုန်ကျစရိတ်နည်းပါးပြီး တည်ငြိမ်တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကတော့ ဒီနွေရာသီမှာ နည်းပြအယ်လီဂရီအတွက် ပေါလ်ပေါ့ဂ်ဘာအပါအဝင် ကွင်းလယ်ကစားသမားသစ်တွေ ဖြည့်တင်းပေးဖို့ စီစဉ်နေပြီး ဂျာမန်သားကလည်း ကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ ပါဝင်လျက်ရှပိါတယ်။ ဂန်ဒိဂရန်ဟာ ၂၀၁၆ တုန်းက ဒေါ့မွန်ကနေ ယူရို ၂၇ သန်းနဲ့ စီးတီးကိုရောက်ရှိလာသူဖြစ်ပြီး ၂၅၃ ပွဲ ကစားထားရာမှာ ၄၉ ဂိုးသွင်း ၃၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ဂျူဗင်တပ်စ် #ဂမ်ဒိုဂန်