ရှေ့သို့
Image

ကမ္ဘာ့အဆင့်နည်းပြ ရန်းနစ်ကို အချိန်လုံလုံလောက်လောက် မပေးခဲ့တဲ့ ယူနိုက်တက်အသင်းအပေါ် အလာဘာ ဝေဖန်

2:57 PM, 10 June

ဒေးဗစ် အလာဘာက ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့်နည်းပြ ရက်ဖ် ရန်းနစ်ကို အချိန်လုံလုံလောက်လောက် မပေးခဲ့ဘူးဆိုပြီး ဝေဖန်သွားခဲ့ပါတယ်။ ရန်းနစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အသင်းက ထုတ်ပယ်ခံလိုက်ရတဲ့ ဆိုးလ်ရှားရဲ့နေရာမှာ ယာယီနည်းပြ ဖြစ်လာခဲ့ပြီး အမြဲတမ်းနည်းပြ ရတဲ့အချိန် အကြံပေးဆက်လုပ်မယ်ဆိုပြီး သဘောတူထားခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ရဲ့ စိတ်ပျက်စရာ ရာသီတစ်ခုအပြီး ရန်းနစ်ဟာ အသင်းနဲ့ ၂ဦးသဘောတူ လမ်းခွဲသွားခဲ့ပါတယ်။ အလာဘာက ရန်းနစ် ကျရှုံးရခြင်းဟာ ယူနိုက်တက်ရဲ့ အမှားကြောင့်လို ဆိုခဲ့ပြီး ဂျာမန်သားကို ဘောလုံးအကြောင်း တော်တော်သိသူဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။ ရန်းနစ်ဟာ ဩစတြီးယားနည်းပြသစ် ဖြစ်လာပြီးနောက် ပထမဆုံးပွဲမှာတင် ခရိုအေးရှားကို ၃ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

အလာဘာက “ရန်းနစ်က တော်တော်လေး တော်ပါတယ်။ ကျွန်တော်တို့အတွက် သူ့ရဲ့ အစီအစဉ်တွေက အလုပ်ဖြစ်တယ်ဆိုတာ ကွင်းထဲမှာ မြင်နိုင်ပါတယ်” “သူ့ရဲ့ ကစားပုံတွေက ပြိုင်ဘက်ကို အသက်ရှူခွင့်တောင် မပေးပါဘူး။ အဲ့ဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ သူ့ကို ကျွန်တော် ၁၈နှစ်ကတည်းက သိပြီး သူက ကမ္ဘာ့အဆင့် နည်းပြ၁ဦးပါ” “သူ အရင်က လုပ်ပြခဲ့တာတွေက ထူးခြားပြီး အခု ကျွန်တော် အနီးကပ် လေ့လာခွင့်ရခဲ့ပါပြီ။ သူ ဘာလုပ်နိုင်လဲဆိုတာ လိုက်ပ်ဇစ်၊ ဆဲလ်ဘတ်နဲ့ဟော့ဖန်ဟိမ်းတို့မှာ ပြသခဲ့ပြီးပါပြီ။ သူ ယူနိုက်တက်မှာတော့ အချိန်အလုံအလောက် မရခဲ့ပါဘူး။ သူ့မှာ ဘောလုံးအတွက် အစီအစဉ် ကောင်းကောင်းရှိသလို ဘောလုံးအကြောင်းလည်း ကောင်းကောင်းသိပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အလာဘာ #ဆိုးလ်ရှား #ရန်းနစ်