ရှေ့သို့
Image

လူကာကူ ခြေစွမ်းကောင်းနဲ့ အတူ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ချဲလ်ဆီး ဂိုးသမားဟောင်း ပီတာချက်

10:01 AM, 10 June

ချဲလ်ဆီး ဂိုးသမားဟောင်း ပီတာချက်က လူကာကူတစ်ယောက် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လူကာကူဟာ အင်တာမီလန်အသင်းနဲ့ အတူ စီးရီးအေချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကို ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ  စီးရီးအေ ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရောက်လာချိန်မှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

လူကာကူဟာ ချဲလ်ဆီးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ကာ ကိုင်ဟာဗက်ဇ်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပပါတယ်။ တူချယ်နဲ့ လူကာကူဆက်ဆံရေးအခြေအနေက အဆင်မပြေဘူးလို့ သတင်းတွေ ထွက်နေသလို လူကာကူတစ်ယောက် အင်တာပြန်မယ်လို့လည်း သတင်းတွေကြီးနေပါတယ်။ ချဲလ်ဆီးနည်းစနစ်ဒါရိုက်တာ ချက်ကတော့ လာမယ့်ရာသီမှာ လူကာကူပုံစံကောင်းပြန်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ပုဂ္ဂိုလ်ရေးအရ သူရာသီကောင်းတစ်ခုကို ဖြတ်သန်းခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူဒီကို ရောက်စပဲရှိသေးတာဖြစ်ပြီး ကံမကောင်းစွာနဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် နားခဲ့ရသလို ကိုဗစ်နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အခုရာသီသစ်မှာတော့ သူပုံစံကောင်းပြန်ရှာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ လာမယ့်ရာသီ သူ့ရဲ့အကောင်းဆုံး အနေအထားကို မြင်တွေ့ရမှာပါ”လို့ ချက်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လူကာကူ #ပီတာချက်