ရှေ့သို့
Image

ကွင်းထဲမှာ အလှပြနေတာတွေလျှော့ဖို့ ဂိုးသမား ပစ်ဖို့ဒ်ကို ခရစ္စဆက်တန် ဝေဖန်

9:35 AM, 8 June

မနေ့ညက အင်္ဂလန်အသင်းနဲ့ ဂျာမနီ အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်း ပေးလိုက်ရတဲ့ ဂိုးဟာ ပေါ့လျော့လွန်းပြီး တကယ်ဆိုကာကွယ်နိုင်ခဲ့သင့်တယ်လို့ ခရစ်ဆက်တန်က ဝေဖန်ခဲ့ပါတယ်။

ဆက်တန်က “ဒါပေမယ့် တကယ်တမ်းတွေးကြည့်ရင် ဂျော်ဒန်ပစ်ဖို့ဒ်အနေနဲ့ ဂျိုနက်စ်ဟော့ဖ်မန်းရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သင့်တယ်။ ကန်ချက်က သူ့တည့်တည့်ကို လာခဲ့တာပါ။ ပစ်ဖို့ဒ်ကိုကြည့်ရတာ သူ့ရဲ့ကာကွယ်မှုတိုင်းက ကမ္ဘာ့အဆင့်မီ ကာကွယ်မှုတွေ ဖြစ်နေလို့ စိတ်ကြီးဝင်နေပုံပဲ။ ပြီးခဲ့တဲ့ရာသီမှာ အဲဗာတန် အတွက် သူ့ရဲ့ စူပါကာကွယ်မှု တစ်ချို့တော့ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါကလည်း တစ်ခါတစ်ရံမှပဲ။ အင်္ဂါညကတော့ သူအဲ့ဒါမျိုးမလုပ်နိုင်ခဲ့ဘူး။ ဟော့မန်းရဲ့ ကန်ချက်သာ မန်နျူရယ်နူအာရဲ့ ဂိုးပေါက်ကို ကန်တာဆိုရင် ကာကွယ်နိုင်လောက်တယ်။ ဒီဂိုးက ပစ်ဖို့ဒ်ရဲ့ ပိုအားနည်းတဲ့ ဘယ်လက်ကနေ ဖြတ်ဝင်သွားခဲ့တာ။ ဂါရက်ဆောက်ဂိတ် အနေနဲ့တော့ သူ့ရဲ့နံပါတ် ၁ ဂိုးသမား နေရာအတွက် စဉ်းစားစရာဖြစ်လာပြီ”လို့ ဝေဖန်ခဲ့ပါတယ်။

#အင်္ဂလန် #ပစ်ဖို့ဒ် #ခရစ္စဆက်တန်