ရှေ့သို့
Image

ရန်နစ်က မိမိကိုနေရာမှားပြီး အသုံးပြုနေကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အီလန်ဂါ

8:40 AM, 8 June

ယူနိုက်တက်လူငယ်ကစားသမား အီလန်ဂါက ယာယီနည်းပြ ရန်နစ်ဟာ မိမိကို နေရာမှားပြီး အသုံးပြုနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကာ တန်ဟက် လက်အောက်မှာ ပိုပြီးပေါ်လွင်လာဖွယ်ရှိနေပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက စီနီယာအသင်းမှာ နေရာတစ်နေရာ ရလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၇ ပွဲ အထိ ပါဝင်ကစားခဲ့ကာ ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရန်နစ်ဟာ ညာတောင်ပံမှာ အီလန်ဂါကို အသုံးပြုပြီး ဘယ်တောင်ပံမှာ ဆန်ချိုကို အသုံးပြုခဲ့တာဖြစ်ကာ ဆွီဒင်စတား အီလန်ဂါက တန်ဟက်က မိမိကိုနေရာမှန်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားလေးဟာ ပြိုင်ဘက်ကို ကျော်ဖြတ်ရာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အီလန်ဂါဟာ ဆွီဒင်အသင်းအတွက် ပထမဆုံးနိုင်ငံသွင်းဂိုးကို တနင်္ဂနွေနေ့က နော်ဝေအသင်းနဲ့ နေးရှင်းလိဂ်ပွဲမှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဘယ်တောင်ပံမှာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲ့တာက ကျွန်တော့်ကို ကောင်းကောင်းအံဝင်စေပါတယ်။ ကျွန်တော် ယူနိုက်တက်မှာတုန်းက ညာတောင်ပံမှာ ကစားခဲ့ရတာပါ။ အခုတော့ ကျွန်တော်အနှစ်သက်ဆုံး ဘယ်တောင်ပံမှာ ကစားခွင့်ရရှိခဲ့ပါပြီ။ ကျွန်တော် ကွင်းတွင်း ကွင်းပြင်အများကြီးလုပ်နိုင်ခဲ့ပါတယ်”လို့ အီလန်ဂါက ပြောကြားခဲ့ပါတယ်။

ဆန်ချိုကတော့ ၂၀၂၁ နွေရာသီတုန်းက ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဂျာမန်မြေမှာတုန်းက ညာတောင်ပံမှာ ပုံမှန်ကစားခဲ့ရပေမယ့် ယူနိုက်တက်ရောက်လာချိန်မှာတော့ ဘယ်တောင်ပံမှာသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်အင်္ဂလန်သားတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကလည်း ဆန်ချို ကစားတဲ့အဆိုပါနေရာမှာပဲ အကောင်းဆုံး ကစားနိုင်တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ လာမယ့်ကာတာကမ္ဘာ့ဖလားမှာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရဖို့ ပုံစံကောင်းပြန်ရှာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းမှာ အာဂျင်တီးနားစတား ဂါနာချိုကလည်း ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပြီး လာမယ့်ရာသီမှာ နေရာရလာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ရန်နစ်