ရှေ့သို့
Image

ဘာစီလိုနာ ပစ်မှတ် ရာဖင်ဟာကို ဈေးထပ်မြှင့်ခဲ့တဲ့ လိဒ်ယူနိုက်တက်

3:22 PM, 7 June

လိဒ်စ်ယူနိုက်တက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ရာဖင်ဟာရဲ့ ပြောင်းရွှေ့ကြေးကို ထပ်မြှင့်လိုက်တယ်လို့ သိရပါတယ်။ ဒေးလီးမေးလ်ရဲ့အဆိုအရ လိဒ်စ်ဟာရာဖင်ဟာအတွက် ပေါင် ၅၅ သန်းကျော် လိုချင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက ပွဲစဉ်နောက်ဆုံးနေ့မှာ ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ ဒရမ်မာဆန်ဆန် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အသက်ဆက်နိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ဟာ ကတ္တာလန်ကလပ်က အလိုရှိနေတဲ့ ဘရာဇီး တောင်ပံကစားသမားအတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ လိဒ်စ်ဟာ ဘာစီလိုနာက ရာဖင်ဟာအတွက် ကမ်းလှမ်းခဲ့တဲ့ ပေါင် ၂၁ သန်းဝန်းကျင် ကမ်းလှမ်းမှုကိုတောင် ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယော့ခ်ရှိုင်းယားကလပ်ရဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်မှုဟာ စပိန်ထိပ်သီးအတွက်တော့ ဘရာဇီးသားကို လိုချင်ရင် ကြေးကြီးကြီးပေးမှသာ ရရှိနိုင်တော့မယ်ဆိုတဲ့ သဘောသက်ရောက်သွားပါတယ်။

#ဘာစီလိုနာ #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ရာဖင်ဟာ