ရှေ့သို့
Image

ရန်းနစ်ရဲ့ ဩစတြီးယား ရှုံးခဲ့ပြီး ပြင်သစ် သရေကျခဲ့တဲ့ ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေအပြီး သုံးသပ်ချက်

9:23 AM, 7 June

ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေမှာ နည်းပြကြီး ရန်းနစ်ရဲ့ ဩစတြီးယားတို့ အိမ်ကွင်းမှာ ဒိန်းမတ်ကို ရှုံးခဲ့ပြီး ပြင်သစ်ကတော့ ခရိုအေးရှားကို သရေသာ ရခဲ့ပါတယ်။ လျှပ်စစ်မီးပြဿနာကြောင့် နောက်ကျပြီးမှ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဟိုဂျက်က ၂၇မိနစ်တွင် ဒိန်းမတ် အတွက် ဦးဆောင်ဂိုး စသွင်းခဲ့ပါတယ်။

ဒါပေမဲ့ ရှလာဂါက ဂိုးသမား ရှမိုက်ကယ်ရဲ့ အမှားကနေ ဩစတြီးယားအတွက် ချေပဂိုး ပြန်သွင်းပေးသွားခဲ့ပါတယ်။ ပွဲက သရေနဲ့ အဆုံးသတ်ပြီလို့ ထင်ခဲ့ပေမဲ့ ၈၄မိနစ်မှာ ထရိုင်ဂျာက ဒိန်းမတ်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ခရိုအေးရှားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ မကျေပွဲကတော့ ၁ဂိုးစီ သရေနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။

ပြင်သစ်က ဒိန်းမတ်ကို မထင်မှတ်ပဲ ရှုံးခဲ့ပေမဲ့ နည်းပြ ဒက်စ်ချမ့်က ယနေ့ညပွဲမှာ လူစာရင်း အားလုံးနည်းပါး အပြောင်းအလဲလုပ် ကစားခဲ့ပြီး ဒစ်ဂျ်နီနဲ့ ဒီယာဘီ တို့လို ကစားသမားတွေ ထည့်ကစားခဲ့ပါတယ်။ ပထမပိုင်း အတွင်းမှာတော့ ပြင်သစ်ရဲ့ ကစားသမားသစ်တွေ ဘာမှသိပ်မလုပ်နိုင်ခဲ့ပဲ ဂိုးမရှိသရေသာ ပြီးသွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ပြင်သစ်တို့ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ပြီး ၅၃မိနစ်မှာ ရာဘီယော့က ဘင်ယက်ဒါနဲ့ အပေးအယူလုပ်ကာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ခရိုအေးရှားက ချေပဂိုးရရေး တစ်သင်းလုံးတက်ပြီး ကစားခဲ့ရာမှာ ပြင်သစ်က နေရာလွတ်တွေ ရခဲ့ပေမဲ့ ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

၈၃မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ရခဲ့ပြီး ခရာမာရစ်က ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဂရစ်ဇ်မန်းက ပြင်သစ်တို့ နိုင်ပွဲရစေမယ့် အခွင့်အရေး ရခဲ့ပေမဲ့ ကန်ချက်က ဘေးထွက်သွားတာကြောင့် သရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။

#ပြင်သစ် #ဒိန်းမတ် #နေးရှင်းလိဂ် #ဩစတြီးယား #ရန်းနစ်