ရှေ့သို့
Image

ဇူလိုင်လအစောပိုင်းတွင် အာဆင်နယ်နှင့် ပူပေါင်းဖွယ်ရှိနေတဲ့ တီယာနေး

4:08 PM, 6 June

စကော့တလန်ကြယ်ပွင့်၊ အာဆင်နယ်ဘယ်နောက်ခံလူ တီယာနေးသည် လာမည့် ဇူလိုင်လအစောပိုင်းတွင် ကလပ်အသင်းနှင့် ပူးပေါင်းဖွယ်ရှိနေကြောင်း သိရသည်။ ပြီးခဲ့တဲ့ မတ်လကုန်တွင် ဒူးဒဏ်ရာ ရရှိခဲ့သော တီယာနေးသည် ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အပြင်းအထန်လုပ်ဆောင်နေပြီး ယခုလကုန်ပိုင်းတွင် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပူးပေါင်းလာဖွယ် ရှိနေသည်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ဂျာမနီသို့ ရာသီကြိုခရီးစဉ်အဖြစ် ထွက်ခွာမည်ဖြစ်ရာ မတ်မိုလော့ခ်ကွင်း၌ ဂျာမနီဒုတိယတန်းကလပ် နုရင်ဘတ်အသင်းနှင့် ကစားရမည့် ရာသီကြိုချစ်ကြည်ရေးခြေစမ်းပွဲတွင် တီယာနေး ပါဝင်ဖို့ မျှော်လင့်နေသည်။ တီယာနေးသည် မတ် ၂၉ ရက်တွင် စကော့တလန် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သော သြစတြီးယားနှင့် နှစ်ဂိုးစီ သရေကျခဲ့သည့် ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အာဆင်နယ်သည် ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာမည်ဖြစ် ပြီး ဘာတီမိုးတွင် အဲဗာတန်နှင့် တစ်ပွဲ၊ အော်လန်ဒိုတွင် အော်လန်ဒိုစီးတီးနှင့် တစ်ပွဲ၊ ချဲလ်ဆီးနှင့် တစ်ပွဲ စုစုပေါင်း ချစ်ကြည်ရေးခြေစမ်းပွဲစဉ် သုံးပွဲ ဆက်လက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသည်။

အဆိုပါပွဲစဉ်များပြီးနောက် အာဆင်နယ်သည် ဇူလိုင် ၃၀ ရက်၊ အမ်းမရိတ်စ်ကွင်းတွင် ခြေစမ်းပွဲအဖြစ် ဆီဗီလာကို ဧည့်ခံကစားရဖို့ ရှိသည်။

#အာဆင်နယ် #တီယာနေး